လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, April 12, 2013

သင်္ကြန်မိုး' တဲ့ . . . .

Photo: သင်္ကြန်မိုး' တဲ့ . . . .

သူပေါက်ဖွားရှင်သန်ခဲ့တာ နှစ်ပေါင်း ၂၅ နှစ်
ငွေရတု ခရီးတိုင်ခဲ့ပါပြီ။ မြန်မာမှုရနံ့တွေ ထုံသင်းနေပြီး
မြန်မာ့ယဉ်ကျေးမှုရဲ့ ချစ်စဖွယ်အစဉ်အလာတွေကို
တွေ့ မြင်နိုင်တာက ဒီဇာတ်ကားရဲ့အဖိုး မဖြတ်နိုင်တဲ့
အနှစ်သာရတွေပါ . . .

၁၉၈၅ ခုနှစ်ဝန်းကျင်မှာ ပေါက်ဖွား လာခဲ့တဲ့
ဒီဇာတ်ကားလေးကို ကျော် လွှားနိုင်တဲ့ သင်္ကြန်နောက်ခံ
ဇာတ်ကားရယ်လို့ မတွေ့မြင်ရခြင်းက လည်း
'သင်္ကြန်မိုး' ကို ယနေ့တိုင် လွမ်းဆွတ်စေတဲ့
အကြောင်းတစ်ခုလို့ ဆိုရမှာပါ။

'သင်္ကြန်မိုး' ဇာတ်ကားလေးကို သုံးနှစ်တာ
ကြိုတင် ပြင်ဆင်မှုတွေနဲ့ အစပြုခဲ့ပြီး
ငွေကြေး ရင်းနှီး မြှုပ်နှံ မှုတွေ ကိုလည်း ၁၉၈၅ ခုနှစ်က
ပုံမှန် ရုပ်ရှင်ဇာတ်ကား တစ်ကား ထုတ်လုပ်မှု
ကုန်ကျစရိတ်ထက် သုံးဆ ၀န်းကျင်ပိုမို အကုန်အကျခံ
ဖန်တီး ခဲ့တယ်လို့ သိရပါတယ်။
ဖန်တီးမှု ပြုလုပ်ချိန် မှာလည်း အခက် အခဲပေါင်း များစွာ
အမှတ် တရပေါင်း များစွာနဲ့ ဖြစ်တည် နေပြီး
ယနေ့ခေတ်တိုင်ရှင်သ န်နေတဲ့ 'သင်္ကြန်မိုး' လေးပါ . . .

' သင်္ကြန်မိုး' ဇာတ်ကားလေး ဟာမန္တလေးမြို့သင်္ကြန်ကို
အခြေတည် ပြီး ခေတ်နှစ်ခေတ်ရဲ့ရိုးရာသင်္ကြန်
ပွဲဆင်နွှဲမှုတွေကို ဇာတ်အိမ်တည်ထားတဲ့ သင်္ကြန်ဇာတ်ကား
စစ်စစ် ဖြစ်ပါတယ်။
ဇာတ်လမ်းရဲ့ အနှစ် သာရပိုင်းသာ မကဘဲ 'သင်္ကြန်မိုး'
ဇာတ်ကား အတွက် ဇာတ်ဝင်တေးအဖြစ် ပါဝင် ခဲ့တဲ့
သီချင်း ၁၀ ပုဒ် ၀န်းကျင် ကလည်း သင်္ကြန် ရောက်တိုင်း
မရိုးနိုင်တဲ့ တေးသီချင်းများ အဖြစ် ရှင်သန်ေ နဆဲပါ။

မန်းသင်္ကြန်ရယ်လို့ လည်းသမိုင်းတွင်ခံရတဲ့
ဇတ်ကားလေးပါ။ မန္တလေးသားတစ်ယောက် အနေနဲ့
လည်းအမြဲတမ်းဂုဏ်ယူဝင့်ကြွားလျက်ပါပဲဗျာ . . .
ဒီပုံလေးတွေမြင်ရင် ရင်ထဲမှာ အတိတ်ကိုလွမ်းဆွတ်သလိုလို၊
ဝမ်းနည်းသလိုလိုခံစားရတယ်ဗျာ။

ဆင်းရဲချမ်းသာမရွေး လူတိုင်းပါဝင်ဆင်နွှဲနိုင်တဲ့
ဟိုတုန်းက မြန်မာ့ နှစ်သစ်ကူး သင်္ကြန်ပွဲ ကိုလည်းလွမ်းတယ်။ စက်ဘီး၊ မြင်းလှည်း လေးနဲ့ လျှောက်လည်ခဲ့ရတဲ့
သင်္ကြန်ပွဲ ကိုလည်းလွမ်းတယ်။
မြို့မသင်္ကြန်ကား ငွေငန်းကြီးနောက် လမ်းလျှေက်လိုက်ပြီး
သီချင်းတွေနားထောင်ခဲ့ရတဲ့ သင်္ကြန်ကိုလည်းလွမ်းတယ်။
ပွဲထိုင်မိသားစု ၊ ဒေါ်သီသနပ်ခါး မိသားစု၊ ဈေးချိုမိသားစု၊
မီးရထား ရေကစား မဏ္ဍပ် တွေကိုလည်းလွမ်းတယ် . . .

ရေပြွတ်လေး နဲ့ပက်ခဲ့ရတဲ့ သင်္ကြန်ပွဲ ကိုလည်းလွမ်းတယ်။
လူတိုင်းဝင်စားနိုင်တဲ့ သင်္ကြန်ထမင်း ကျွေးတဲ့ သင်္ကြန်ပွဲ
ကိုလည်းလွမ်းတယ်။
သံချပ်တွေနဲ့ မိုးလင်းအောင်ဖျော်ဖြေ တဲ့
သင်္ကြန်ပွဲ ကိုလည်းလွမ်းတယ်။
သင်္ကြန်မိုး ဇာတ်ကားကို အဖြူမဲ TV လေးနဲ့ကြည့်ခဲ့ရတဲ့
ကလေးဘ၀ လေးကိုလည်း လွမ်းတယ်။
ယဉ်ကျေးပျော်ရွှင်စွာ ပျော်ရွှင်ခဲ့ရတဲ့ ဟိုးတုန်းက မန်းလေး
သင်္ကြန်ကို အရမ်းလွမ်းတယ်ဗျာ . . .
. . . လွမ်းတယ် . . . လွမ်းတယ် . . . လွမ်းတယ် ဗျာ. . .

ဟာသကျေးရွာ (Facebook)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..