ကိုချူချာ တစ်ယောက် အခုတစ်လောအလွန်ဝလာသဖြင့်
အလွန်စိတ်ညစ်နေသည်။ စိတ်ညစ်ညစ်နှင့် အိမ်ရှေ့ ဧည့်ခန်းမှာထိုင်ရင်း
သတင်းစာကို ယူကြည့်ရာ ကြော်ငြာတစ်ခုကို တွေ့ လိုက်ရသည်။ ကြော်ငြာက... သင်၏
အဆီများကျဖို့  ကျွန်တော်တို့ ကတာဝန်ယူပါသည်။ တစ်ပတ်အတွင်း
မည်မျှကျချင်ကြောင်းသာ ဖုန်းနံပါတ်...........သာဆက်သွယ်လိုက်ပါဟု တွေ
့ရသဖြင့် ခေါ်ဆိုကြည့် ရာ တစ်ဖက်မှ...ဟုတ်ကဲ့ Slim Body Group
မှကြိုဆိုပါတယ်....မိတ်ဆွေအနေဖြင့်..နေရပ်လိပ်စာနှင့် တစ်ပတ်အတွင်း
ပေါင်မည်မျှကျချင်ကြောင်း ပြောပြပါဟုပြန်ဖြေလေသည်။ ထိုအခါ
ကိုချူချာ.....တစ်ပတ်အတွင်း ၅ပေါင်ကျချင်ကြောင်းပြောရာ
တစ်ဖက်မှ...ဟုတ်ကဲ့ မနက်ဖြန်ကစပြီး လူကြီးမင်းရဲ့ ကိုယ်အလေးချိန်
၅ပေါင်ကျဖို့ တာဝန်ယူကြောင်း...ဤအစီအစဉ်ကို
ကြိုက်နှစ်သက်လိမ့်မည်ဟုယုံကြည်ကြောင်း ပြန်ဖြေလေသည်။ နောက်နေ့ မနက်
အိမ်တံခါးခေါက်၍ သွားဖွင့်ရာ....ငယ်ရွယ်ချောမောလှပသော မိန်းမပျိုလေး
တစ်ယောက် အားကစားဝတ်စုံ ၀တ်လျှက် စောင့်နေသည်ကို တွေ့ ရလေသည်။ သူမ၏
လည်ပင်းတွင် ကတ်ပြားတစ်ခုချိတ်ဆွဲထား၍ ဖတ်ကြည့်ရာ.....
မိအောင်ဖမ်း..မိရင်နမ်း...ဟုတွေ့ ရသည်။ ထိုမိန်းကလေး က ဘာမှမပြောဘဲ
ပြေးထွက်သွားရာ ကိုချူချာလည်း မှီအောင်လိုက်ရတော့သည်။
၂မိုင်လောက်ပြေးလိုက်မှ ထိုမိန်းကလေးကို မိတော့သည်။ ဒီလိုနှင့်
ထိုမိန်းကလေးနောက်ပြေးလိုက်ရာ တစ်ပတ်မျှကြာသော်...အမှန် တစ်ကယ်ပင်
၅ပေါင်ကျသွားကြောင်းတွေ့ ရသည်။ ကိုချူချာတစ်ယောက်
အပျော်ကြီးပျော်သွားပြီး ယင်း Group အား ထပ်မံ၍ တစ်ပတ်အတွင်း
၁၀ပေါင်ကျချင်ကြောင်း အကြောင်းပြန်လိုက်သည်။ နောက်နေ့ တွင် ယခင်ကထက်
ပိုမိုချောမောလှပသော မိန်းမပျိုလေးတစ်ယောက် ဘောင်းဘီတိုလေးနှင့်စောင့်နေ
သည်ကို တွေ့ ရပြန်သည်။ ထိုမိန်းကလေး၏
ကတ်ပြားလေးမှာလဲ...........မိရင်နမ်းပင်ဖြစ်သည်။
ထိုမိန်းကလေးနောက်ပြေးလိုက်ရာ....၅မိုင်လောက်မှမှီလေသည်။ ထုံးစံအတိုင်း
တစ်ပတ်ပြည့်၍ ပေါင်ချိန်ကြည့်ရာ တစ်ကယ် ၁၀ပေါင်ကျသွားလေသည်။
ကိုချူချာတစ်ယောက် လောဘတက်လေပြီ။ ၂ ပတ်အတွင်း ပေါင် ၅၀
ကျချင်ကြောင်းအကြောင်းကြားရာ ထို Group က ထိုအစီအစဉ်မှာ လွန်စွာ
ပင်ပန်းကြောင်းနှင့် ဖြည်းဖြည်းချင်း ပေါင်ချလျှင်လည်း
ရနိုင်ကြောင်းပြောပြသည်။ သို့ သော်ကိုချူချာက
ရပါတယ်..ဒီလောက်တော့အပျော့ပေါ့ ဟုပြန်ပြောကာ ၂ ပတ်တွင်ပေါင် ၅၀
ကျရန်သဘောတူလိုက်သည်။ နောက်နေ့ မနက်ရောက်၍ ၀မ်းသာအားရ
တံခါးသွားဖွင့်ရာ....တံခါးတွင်...ထောင်ထောင်မောင်း မောင်း သန်သန်မာမာ
ယောကျာ်းတစ်ယောက်ကိုတွေ့ ရ၍ အံအားသင့်သွားသည်။ ထိုသူ၏ လည်ပင်းတွင်
ချိတ်ဆွဲထားသော ကတ်ပြားလေး၌...... လွတ်အောင်ပြေး...မိရင်နာမယ်..
တစ်ထောင်.တစ်ညပုံပြင်ကြိုက်သူများ

No comments:
Post a Comment