လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, April 10, 2013

လူ ၃၀၀ ကျော်ကို ဆေးထိုးသတ်ခဲ့ဖွယ်ရှိသည့် ဆရာဝန်အား အရေးယူရန် စီစဉ်

Photo: လူ ၃၀၀ ကျော်ကို ဆေးထိုးသတ်ခဲ့ဖွယ်ရှိသည့် ဆရာဝန်အား အရေးယူရန် စီစဉ်
Tuesday, April 9, 2013

ဘရာဇီးလ် ရဲတပ်ဖွဲ့သည် လူပေါင်း (၃၀၀)ကျော်ကို သတ်ဖြတ်ခဲ့သည်ဟု ယူဆရသည့် ဆရာဝန် အမျိုးသမီး တစ်ဦး၏ ပြစ်ချက်ဟောင်းများကို ဖော်
ထုတ်နိုင်ရန် ကြိုးစားနေကြောင်း သိရှိရသည်။ ဘရာဆီးလီးယား မြို့တော်ရှိ ဆရာဝန် တစ်ဦးသည် ဆေးရုံကုတင်များ အားလပ်စေလိုသဖြင့် လူ(၇)ဦးကို သတ်ဖြတ်ခဲ့ကြောင်း စွဲချက်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

၎င်းသည် ဆေးရုံတွင် ကုတင်နေရာ လစ်လပ်စေရန်ဆိုသော စိတ်ဖြင့် လူပေါင်း (၃၀၀)မျှကို သတ်ဖြတ်ခဲ့ပြီးဟု ယူဆရကြောင်း နိုင်ငံ၏ ကျန်း
မာရေး ဝန်ကြီးဌာန ထောက်လှမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။

ဒေါက်တာ ဗာဂျီနီယာ ဆိုရက်စ်ဒီ ဆိုဇာနှင့် သူမ၏ ဆေးအဖွဲ့သည် လူနာများကို ကြွက်သားလျော့ရဲစေသည့် ဆေးဝါးများ ထိုးသွင်းပြီး
နောက်အောက်စီဂျင် ဖြည့်သွင်းမှုကို လျှော့ချပစ်ကာ သေစေခဲ့ကြောင်း အစိုးရ ရှေ့နေများက စွပ်စွဲထားသည်။အသက်(၅၄)နှစ်ရှိ ဒေါက်တာ ဒီဆိုဇာသည် ကူရီတီဘာ တောင်ပိုင်းရှိ Evangelical ဆေးရုံတွင် လူသတ်မှုများ ကျူးလွန်ခဲ့သည်ဟု ယူဆရသည့်နောက် ယခုအခါ 
စွဲချက်တင် ခံထားရပြီ ဖြစ်သည်။

သူမလက်အောက်တွင် အလုပ်လုပ်သည့် သူနာပြု (၃)ဦး၊ ဆရာဝန်(၃)ဦးနှင့် ရူပကုထုံး ပညာရှင် (၁)ဦးတို့သည်လည်း လူသတ်မှုတွင် ပါဝင်ကြောင်း စွပ်စွဲ
ချက်များနှင့် အသီးသီး ရင်ဆိုင်နေရသည်။ ဒီဆိုဇာသည် ဖုန်းဖြင့်ဆက်သွယ်
ပြောဆိုမှု တစ်ခုတွင် ဆေးရုံကုတင်များကို ရှင်းလင်းကာ နောက်ထပ် လူနာ
များကို နေရာပေးလိုသဖြင့် နာတာရှည် လူမမာများကို ပစ်မှတ်ထားကာ ယခုလို လုပ်ကြံသတ်ဖြတ်ခင်းဟု အစိုးရ ရှေ့နေများက ပြောကြားခဲ့သည်။

"ကျွန်မကတော့ စိုးရိမ်စရာ အနေအထားနဲ့ စောင့်ကြည့်ရတဲ့ လူနာတွေ
ကို ရှင်းပစ်ချင်တယ်။ ဒါက ကျွန်မကို မရိုးမရွ ဖြစ်စေတယ်။ ဒါပေမဲ့ ကံမကောင်းတာက ကျွန်မရဲ့ Missionက နောက်ဘဝကို နီးနီးစပ်စပ် တွန်းပို့ပေးဖို့ ဖြစ်နေတာပါပဲ"ဟု ဒီဆိုဇာ ဖုန်းဖြင့်ပြောထားသည့် အသံ
ကို အစိုးရ ရှေ့နေများက မီဒီယာများထံ ပေးအပ်ခဲ့သည်။ ဒီဆိုဇာကမူ စွပ်စွဲမှုများကို ငြင်းဆိုထားပြီး သတင်းထောက်များနှင့် ခေတ္တမျှ တွေ့ဆုံ
ခွင့် ရချိန်တွင် "တရားမျှတမှုကို ကျွန်မယုံကြည်တယ်။ အချိန်တစ်ခု 
ပြီးရင် အမှန်တရားက ပေါ်ထွက်လာမှာပဲ"ဟု ပြောကြားသွားသည်။

ဒီဆိုဇာ၏ ရှေ့နေဖြစ်သူ အီးလီယက်စ် မတ်တာအာဆာ့ဒ်ကမူ ၎င်း၏ အမှုသည်တွင် အပြစ်မရှိကြောင်း သက်သေထူပြမည်ဟု ကတိပြုထား
သည်။ ယခုအခါ ရဲများသည် အထူးကြပ်မတ်ကုသမှု ဌာနကို ဒီဆိုဇာ စတင်တာဝန်ယူခဲ့သည့် အချိန်မှစကာ (၇)နှစ်အတွင်း ယင်းဆေး
ရုံတွင် သေဆုံးခဲ့သူ (၁၇၀၀)တို့၏ မှတ်တမ်းများကို ပြန်လည် စစ်ဆေးနေကြောင်း သိရှိရသည်။

Source: LifeNews
Planet Myanmar Network

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..