လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, March 29, 2013

နေပြည်တော် ဘောဂ သီရိ ယာဉ်ပြင် အလုပ် ရုံတွင် Star မော်တော် ဆိုင်ကယ်များ စက်ရုံ ပေါက် ဈေးဖြင့် ဝယ်ယူနိုင်

Photo: နေပြည်တော် ဘောဂ သီရိ ယာဉ်ပြင် အလုပ် ရုံတွင် Star မော်တော် ဆိုင်ကယ်များ စက်ရုံ ပေါက် ဈေးဖြင့် ဝယ်ယူနိုင်

နေပြည်တော် ကောင်စီ နယ်မြေ ဘောဂ သီရိ အဆင့်မြင့် ယာဉ်ပြင် အလုပ်ရုံတွင် မကွေးတိုင်း ဒေသကြီး ရေနံ ချောင်းမြို့မှ ထုတ်လုပ်သည့် Star မော်တော် ဆိုင်ကယ် များအား စက်ရုံ ပေါက်ဈေးဖြင့် တိုက် ရိုက် ဝယ်ယူ နိုင်ကြောင်း သိရသည်။
''ကျွန်တော်တို့ ဆီကနေ ဆိုင်ကယ် တွေကို အမျိုးမျိုး ရောင်းချ ပေးပါတယ်။ ဈေးနှုန်းလည်း စက်ရုံ ပေါက်ဈေးပါ။ ဆိုင်ကယ် အနေနှင့်  (90cc)Star Ruby, (110 cc)Star Diamond, (125cc) Star Jade နှင့်  ဆိုင်ကယ်အား နောက်တွဲ ကယ်ရီ လုပ်ရန် အတွက်လည်း ပြုပြင် ဆောင်ရွက် ပေးလျက် ရှိပါတယ်။ ပြည်တွင်းထုတ် ဆိုပေမယ့် အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင် ထားပါတယ်''ဟု ဘောဂ သီရိ အဆင့်မြင့် ယာဉ်ပြင် အလုပ်ရုံ  ရွှေနဂါး စက်မှု လုပ်ငန်းမှ  တာဝန် ရှိသူ တစ်ဦးက ပြောသည်။

နေပြည်တော် ဘောဂ သီရိ အဆင့်မြင့် ယာဉ်ပြင် အလုပ်ရုံ အတွင်းရှိ Star မော်တော် ဆိုင်ကယ် အရောင်း ပြခန်းမှ မော်တော် ဆိုင်ကယ် အတွက် လိုအပ်သည့် အလင်းအား ကောင်းသော မီးသီးနှင့် နေစားမှုဒဏ် ခံနိုင်စွမ်း ရှိသော မီးခွက်၊ ခေတ်မီ၍ ဒီဇိုင်း ဆန်းသစ်သော မီတာခွက် အပြင် အင်ဂျင် အတွက် အေးလွယ်သော သတ္တု အမျိုး အစားကို အသုံးပြု ထားသည့်အတွက် အပူ ချိန်များ ပိုမို ခံနိုင်ခြင်း၊ Speed ကျ မသွား ခြင်းနှင့် ဆိုင်ကယ် အမျိုး အစား အလိုက်  ပါဝါ အပြည့် ထွက်ကြောင်း သိရသည်။

ထို့ အပြင် ဆိုင်ကယ်ဘီး အတွက် သေသပ် လှပ ခိုင်ခံ့၍ အကြမ်း ခံသော အလူ မီနီယံ  အလွိုင်းခွေနှင့် လမ်းကြမ်း အတွက် အထူး သင့်လျော်သော တာယာကို အသုံးပြု ထားကြောင်း သိရ သည်။

MWD

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..