လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, March 29, 2013

ဒုက္ခသည် စခန်း ကို မီးလောင်စေတဲ့ ပစ္စည်း တွေ ရဟတ်ယာဉ် နဲ့  ကြဲချ

485272

                     မယ်ဟောင်ဆန် ခရိုင် မှာ ရှိ တဲ့ ကရင်နီ ဒုက္ခသည် စခန်း မီးလောင် မှု ဟာ
ရဟတ် ယာဉ် တွေ က မီးလောင် စေတဲ့ ပစ္စည်း တွေ ကို ကြဲ
ချ ခဲ့တာ ကြောင့် ဖြစ်တယ် လို့  မျက်မြင်တွေ့ ရှိတဲ့ ဒုက္ခသည် တွေ ရဲ့  ပြော
ကြား ချက် ကို ကိုး ကား ပြီး ဒီနေ့  ထုတ် ဘန်ကောက် ပို စ် သတင်း စာမှာ
ဖော်ပြထား ပါတယ်။
မီးလောင်မှုကြောင့် ကရင် ဒုက္ခသည် ၄၂ ဦးသေဆုံး ပြီး အများ အပြား ဒဏ်ရာ ရရှိခဲ့ ပါတယ်။
ဒုက္ခသည် စခန်း က ဆာမူ က တော့ ကောင်းကင် က နေ ရဟတ်ယာဉ် သံ တွေ ကြားရ ပြီး မီး
လောင်စေတဲ့ ပစ္စည်း တွေ ကျလာတာပဲ လို့  ဘန်ကောက် ပို့  စ် ကို ပြောပါတယ်။
မယ်ဟောင်ဆန် ခရိုင် ရဲမှုး  Nitinart ကို လည်း မီးလောင် ချိန်မှာ သွားရောက် ကြည့် ရှု
စစ်ဆေးဖို့  ပျက်ကွက် ခဲ့ တဲ့ အတွက် တာဝန် က နေ ခေတ္တ ရပ်ဆိုင်းထားပြီး စုံစမ်း မှု တွေ
ပြု လုပ် နေပါတယ်။
ကရင် နီ ဒုက္ခသည်  စခန်း ကို အကူအညီပေး နေတဲ့ အဖွဲ့  တွေ က ဒုက္ခသည် တွေ ပြန်
လည် တည် ထောင်နိုင် ရေးအတွက် အကူ အညီ ဒေါ်လာ သန်း နဲ့  ချီ ပြီး လို အပ် တယ်လို့  ဆိုပါတယ်။
လူ အခွင့် အရေး စောင့်ကြည့် ရေး အဖွဲ့  ရဲ့  ထိုင်းတာဝန်ခံ Sunai Phasu က ထိုင်း
အစိုးရ အနေနဲ့  ဒီ ကြေကွယ် ဖွယ်ရာ အဖြစ် ဆိုး ကြီး အတွက် တုံ့ပြန်မှု အမြန် ဆုံး
လုပ် သင့် ပြီး အဖြေ ပေး ဖို့  လို နေ ပြီ လို့  ပြောပါတယ်။
မီးလောင်မှု ကို စုံစမ်း စစ်ဆေး နေ တဲ့ အဖွဲ့  တွေ က လည်း မီးလောင်ထား တဲ့ အိမ်တွေ မှာ
ဖော့(စ)ဖော့ရပ်(စ) ဓာတု ပစ္စည်း တွေ ကို တွေ့ တယ် လို့  ထုတ် ဖော် ပြောပါတယ်။ မီး
လောင် သွား တဲ့ ကရင် နီ ဒုက္ခသည် စခန်း ဟာ ထိုင်း မြန်မာ နယ် စပ် မှာ ရှိတာ ဖြစ်ပါတယ်။
 by FNG

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..