လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, March 28, 2013

ဖိနပ် လဲပေးပါ

Photo: ဖိနပ် လဲပေးပါ
**********
မည်သည့်စစ်သားက ခံနိုင်ရည် အရှိဆုံးဖြစ်သနည်း ဆိုသည်နှင့်ပတ်သက်၍
အမေရိကန်သမ္မတ ပြင်သစ်သမ္မတနှင့် ရုရှားသမ္မတတို့အငြင်းပွားကြသည်။
သို့နှင့် မိမိတို့နိုင်ငံမှ စစ်သားတစ်ဦးချင်းဆီကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်ကြသည်။
ပထမဆုံး အမေရိကန်သမ္မတက အမေရိကန် မရိန်းတပ်သားထံလျှောက်သွားသည်။ အနားသို့ရောက်သည်နှင့် တပ်သားကို
ဘာမှမပြောမဆိုပဲ လက်သီးနှင့် တအားထိုးလိုက်သည်။ မရိန်းတပ်သားအမူအရာမပျက်။ဆက်ရပ်နေသည်။
“ရဲဘော် မင်းကိုငါထိုးတာ မနာဘူးလား”
“နာပါတယ် သမ္မတကြီး”
“ဒါပေမယ့် ကြံ့ကြံ့ခံနိုင်တယ်မို့လား”
“အမေရိကန် မရိန်းတပ်သားဟာ ဘာကိုမဆိုကြံ့ကြံ့ခံနိုင်ပါတယ်ခင်ဗျ”
“အေး ဒီလိုမှပေါ့”
ပြင်သစ်သမ္မတ၏အလှည့်ရောက်လာသည်။
ဂုဏ်ပြုတပ်ဖွဲ့မှူးထံမှ ဓါးရှည်ကို ယူပြီးပြင်သစ်လေထီးတပ်သားဆီလျှောက်သွားသည်။ ဘာမပြောညာမပြောနဲ့
တပ်သား၏ ပခုံးကိုဓါးနှင့်ထိုးလိုက်သည်။ လေထီးတပ်သားတစ်ချက်မဲ့သွားသည်။
ချက်ချင်း အိနြေ္ဒဆည်လိုက်ပြီး ဘာမှမဖြစ်သလိုဆက်ရပ်နေသည်။
“မင်းကိုငါ ဓါးနဲ့ထိုးတာမနာဘူးလား”
“နာပါတယ် သမ္မတကြီး”
“ဒါပေမယ့် မင်းကြံ့ကြံ့ခံနိင်တယ်မို့လား”
“ပြင်သစ်လေထီးတပ်သားဟာ ဘာကိုမဆိုကြံ့ကြံ့ခံနိုင်ပါတယ်သမ္မတကြီး”
“အေး ဒီလိုမှပေါ့ကွာ”
ရုရှားသမ္မတ၏ အလှည့်သို့ရောက်လာသည်။
လုံခြုံရေးတပ်ဖွဲ့မှူး ထံမှ ပစ္စတိုကို ယူလိုက်ပြီး မလှမ်းမကမ်းတွင် ရပ်နေသော တပ်သားဆီ လျှောက်သွားသည်။ ထို့နောက် တပ်သား၏ ခြေဖနောင့်တည့်တည့်ကို ချိန်ပြီးသေနတ်နဲ့ပစ်လိုက်သည်။
စီးထားသော ဖိနပ်တွင် အပေါက်တစ်ပေါက်ပေါ်လာသည်။ရုရှားတပ်သားအမူအယာမပျက် မလှုပ်မယှက်ဆက်ရပ်နေသည်။
“ရဲဘော် မင်းခြေထောက်ကိုငါသေနတ်နဲ့ပစ်တာ မနာဘူးလား”
“လုံးဝ မနာပါဘူးခင်ဗျ”
တကယ့်သတ္တိခဲပါလား”အမေရိကန်နှင့်ပြင်သစ်သမ္မတတို့ ချီးကျူးကြသည်.
ရုရှားသမ္မတ ကျေနပ်စွာ ပြုံးသည်။ထို့နောက် ရုရှားစစ်သားကို လက်ဆွဲနှုတ်ဆက်ရင်း တိုးတိုးလေးကပ်မေးသည်။
“ဟေ့ကောင် တကယ်ပဲမနာဘူးလား”
“တကယ်ပါ သမ္မတကြီး”
“အေး မင်း ရာထူးတစ်ဆင့်တိုးသွားပြီလို့မှတ်လိုက်”
“ကျေးဇူးပါ ခင်ဗျ ကြုံတုန်း တစ်ခုမေတ္တာရပ်ခံပါရစေ”
“ပြော”
“ ကျွန်တော့်ခြေထောက်နဲ့ အံကိုက်ဖြစ်မယ့် နံပါတ် 40 ဖိနပ်တစ်ရံလိုချင်ပါတယ်..တပ်က ဂိုဒေါင်မှာ နံပါတ် 45 ချည်းပဲရှိလို့ပါ”

credit:မောင်ကောင်းထိုက်

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..