လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, March 28, 2013

အမ်ဳိးသားလိင္အဂါၤေတြကိုမွ စားတဲ့ငါး

Photo: အမ်ဳိးသားလိင္အဂါၤေတြကိုမွ စားတဲ့ငါး
************************

(ယောကျာ်းလေးသူငယ်ချင်းတွေ အဲဒီငါးရှိတဲ့နေရာမသွားမိကြနဲ့နော်)

အမျိုးသား လိင်အင်္ဂါတွေကို စားတဲ့ငါးအဏ္ဏဝါ ရေပြင်တွေမှာ အင် မတန် ထူးခြား ဆန်းပြားတဲ့ ငါးတွေရှိ တယ် ဆိုတာကို အားလုံးသိပြီးသားပါ။

အခုလည်း အဲဒီလို ထူးခြားတဲ့ ငါးတစ် မျိုးကြောင့် အမေရိကန်နိုင်ငံ အီလီ နွိုက်စ်ပြည်နယ်က နာမည်ကြီးရေကန် တစ်ခုမှာ လုံခြုံရေးတွေ တင်းတင်း ကျပ်ကျပ်ချထားရပါပြီ။

အရင်တ လောတုန်းက ပါးပူးဝါးနယူးဂီနီ ငါး ဖမ်းသမားနှစ်ဦးကို သေဆုံးစေခဲ့တဲ့ Pacu ငါးတစ်ကောင်ကို အဲဒီရေကန်မှာ ဇူလိုင် (၇) ရက်နေ့က ဖမ်းဆီးရမိခဲ့ တယ်ဆိုတဲ့ သတင်းကြောင့် ဖြစ်ပါ တယ်။

အဲဒီ Pacu ငါးက သေဆုံးသွား တဲ့ ငါးဖမ်းသမား (၂) ယောက်ရဲ့ ဝှေးစေ့တွေကို ကိုက်ဖြတ်ခဲ့တာပါ။

ဒါ ကြောင့် သွေးထွက်လွန်ပြီး သေဆုံးကြ တာလည်း ဖြစ်ပါတယ်။

အဲဒီနောက် ပိုင်း Pacu ငါးတွေကို အမျိုးသား လိင် အင်္ဂါတွေကို စားတဲ့ငါးတွေအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

သူတို့မှာ မာ ကျောချွန်ထွက်တဲ့ သွားတွေရှိတာ ကြောင့် သားကောင်ကို အလွယ်တကူ ကိုက်ဖြတ်ဝါးစားနိုင်ပါတယ်။

ဒေသခံ အမျိုးသမီးတစ်ဦးကလည်း “Lou Yaeger ရေကန်မှာPacu ငါး တစ် ကောင်တွေ့တယ်ဆိုတဲ့ သတင်းကြား လိုက်တော့ အားလုံးတုန်လှုပ်သွားခဲ့ကြ ပါတယ်။

သူတို့ကြောင့် ငါးဖမ်းသ မားနှစ်ဦး ရုပ်ပျက်ဆင်းပျက် သေသွား တာကိုလည်း ကျွန်မတို့ သိထားပါပြီ။

အမျိုးသားတန်စာမှန်း မသိကြပေမယ့် သူတို့က အဲဒီနေရာကိုမှ ရွေးကိုက်ကြ တာပါ။

အတော်လေး ကြောက်စရာ ကောင်းပါတယ်"လို့ ပြောကြားခဲ့ပါ တယ်။

ref:ဆိုင်မွန်

ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..