Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Sunday, March 31, 2013
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို အသစ်အဆန်းမဟုတ်ဟု အမေရိကန်နှင့် တောင်ကိုရီးယားတို့က တုံ့ပြန်
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကြောင့် တုန်လှုပ်ခြောက်ခြားမှုများ ဖြစ်ပေါ်လာသော်လည်း အမေရိကန် ပင်တဂွန် စစ်ဋ္ဌာနချုပ်နှင့် တောင်ကိုရီးယား အစိုးရတို့က ယင်းမှာ အသစ်အဆန်း မဟုတ်ဟုဆိုကာ ပယ်ချလိုက်ကြောင်း သိရသည်။အမေရိကန် ကာကွယ်ရေး ၀န်ကြီးဋ္ဌာနမှ ထိပ်တန်းအရာရှိ တစ်ဦးက "အက်ကြောင်းထပ်နေပြီးသားကို ပြန်နွှေးတာထက် မပိုပါဘူး" ဟုသာ မတ်လ ၃၀ ရက်နေ့ အနှောင်းပိုင်းတွင် ပြောကြားခဲ့သည်။ သို့သော် ယင်းအရာရှိသည် မီဒီယာများသို့ ထုတ်ဖော်ပြောဆိုခွင့်ရှိသူ မဟုတ်ဟုဆိုကာ အမည်ဖော်ပြခွင့် မပြုခဲ့ပေ။ အမေရိကန်သမ္မတအား စစ်ပွဲနှင့် ပတ်သက်၍ အကြံပေးနေသော အမျိုးသား လုံခြုံရေးကောင်စီကလည်း မြောက်ကိုရီးယား၏ ကြေညာချက်မှာ အဓိပ္ပာယ် မရှိဘဲ ခြိမ်းခြောက်မှုကို ပိုမိုလေးနက်အောင် ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
အမျိုးသား လုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး ကိတ်တလင်းဟေဒင်က မြောက်ကိုရီးယားသည် ရန်စသော စကားများနှင့် ခြိမ်းခြောက်မှုများကို ပြုလုပ်ခဲ့ဖူးသည့် သမိုင်းကြောင်း ရှည်လျားစွာ ရှိခဲ့ပြီး ယခုကြေညာချက်မှာလည်း ယင်းပုံစံမျိုးပင် ဖြစ်သည်ဟု ဆိုသည်။
တောင်ကိုရီးယားကလည်း မြောက်ကိုရီးယား၏ နောက်ဆုံးခြိမ်းခြောက်မှုကို အန္တရာယ် ကျရောက်လုဆဲဆဲ အခြေအနေဟု ယူဆခြင်း မပြုပေ။ မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုသည် အသစ်မဟုတ်ဟု တောင်ကိုရီးယား၏ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဋ္ဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
Ref:CNN
Eleven Media Group
Subscribe to:
Post Comments (Atom)

No comments:
Post a Comment