Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Sunday, March 31, 2013
ရွှေညောင်မြို့နယ်တွင် ၆ ဘီးယာဉ်ကြိတ်မိပြီး ၂ ဦးသေဆုံး
ရှမ်းပြည်နယ်တောင်ပိုင်း ရွှေညောင်မြို့၊ တောင်လေးလုံးကျေးရွာအနီး တောင်ကြီး-ဟဲဟိုး ကားလမ်း မပေါ် တွင် မတ်လ ၂၉ ရက်နေ့က ဆိုင်ကယ်နှင့် ၆ ဘီး ယာဉ်တို့ တိုက်မိပြီး အမျိုးသား ၂ ဦး သေဆုံး သွား ခဲ့ကြောင်း သိရသည်။ မတ်လ ၂၉ ရက်နေ့ နေ့လည်ပိုင်းတွင် ဦးကျော်မင်းဟန်နှင့် အခြားအမျိုးသားတစ်ဦးတို့ မောင်းနှင်လာသော HONDA ASTREA ဆိုင်ကယ်သည် တောင်ကြီး-ဟဲဟိုးကားလမ်း မိုင်တိုင်အမှတ်(၉၉/၂)အနီးတွင်
အရှိန် မထိန်းနိုင်ဘဲ ဟဲဟိုးမှ တောင်ကြီးဘက်သို့ ယာဉ်မောင်း ဦးမောင်အေး(အောင်ပန်းမြို့နေသူ) မောင်းနှင် လာသော တင်လဲရည်များတင်ဆောင်လာသည့် ၆ ဘီးယာဉ်အား ၀င်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးနင်းလာသော ဦးကျော်မင်းဟန်နှင့် ဆိုင်ကယ်နောက်မှစီးနင်း လာသူတို့ ၂ ဦးစလုံး ကားဘီးကြိတ်ဒဏ်ရာများဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ တာဝန်ရှိသူများမှ သေဆုံးသူအလောင်းများအား တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်း ဦးမောင်အေး အား ရွှေညောင်ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Shan News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment