လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, March 15, 2013

ပရိသတ်ကို စိတ်ပျက်အောင်လုပ်တဲ့ ဂျက်စတင်ဘီဘာ

ဆယ်ကျော်သက် ပရိသတ်တို့ရဲ့အသည်းစွဲ ပေါ့ပ်အ ဆိုတော် ဂျက်စတင်ဘီဘာဟာ လန်ဒန်မြို့မှာ ပြုလုပ် ခဲ့တဲ့စတိတ်ရှိုးပွဲကို ၂ နာရီကြာ နောက်ကျပြီး ရောက် လာတဲ့အတွက် ပရိတ်သတ်တွေက အလွန်ပဲစိတ်ပျက် ခဲ့ရပါတယ်။ဂျက်စတင်ဘီဘာ လာတဲ့အထိ စောင့် ကြည့်ကြတဲ့ အချို့ကလေးတွေဟာ နောက်ဆုံးရထား ကို မမှီလိုက်ကြတဲ့အတွက် ရထားဘူတာမှာပဲ ဆိုးဆိုး ရွားရွား အိပ်ခဲ့ရကြရပါတယ်။ အချို့ပရိသတ်တွေဟာ ရှိုးပွဲမှာ ဂျက်စတင်ဘီဘာရဲ့ဖျော်ဖြေမှုကို အားရပါးရ မကြည့်လိုက်ရတဲ့အတွက် သူတို့ရဲ့အိမ်မှာပဲ
ဘီဘာရဲ့ သီချင်းတွေကို နားထောင်၊ ဘီဘာရဲ့ ဓာတ်ပုံကိုကြည့် ပြီး မျက်ရည်ကျ ခဲ့ကြရပါတယ်။ နောက်နေ့မနက်မှာ တော့ ဂျက်စတင် ဘီဘာတည်းခိုတဲ့ ဟိုတယ်ရှေ့ကို သွားပြီး လူငယ်လေးတွေဟာ ဘီဘာ့ရဲ့ နာမည်ကို အသံကုန်အော် ခေါ်သူကခေါ်၊ အော်ငိုသူကငိုနဲ့ ဟို တယ်ရှေ့မှာ ဆူညံနေခဲ့ပါတယ်။ ဂျက်စတင်ဘီဘာ ဟာ သူ့ရဲ့စိတ်ပျက်သွားတဲ့ ပရိသတ်ကို စိတ်ကျေနပ် အောင် အစွမ်းကုန် ကြိုးစားရပါလိမ့်မယ်။

မောင်လင်းသန့်
  Pyi Myanmar 

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..