ကျားအင်ဒိုနီးရှား နိုင်ငံတွင် စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်နေသည့် ရွာသားတစ်ဦးကို ကျားဝင်ဆွဲသွားခြင်းကြောင့် ရွာသူရွာသားများ
ခြောက်ခြားနေကြောင်း သိရှိရသည်။
ရှားပါးသည့် ဆူမားတြားကျား တစ်ကောင်သည် ရော်ဘာ စိုက်ပျိုးနေသည့် ရွာသားတစ်ဦးကို ဝင်ရောက်ကိုက်ခဲ သတ်ဖြတ်သွားခြင်း ဖြစ်သည်။
အသက်(၃၂)နှစ်ရှိ ကာမန်လူဘစ်သည် ဆူမားတြား မြောက်ပိုင်း
ဒေသရှိရော်ဘာ စိုက်ခင်း တစ်ခုတွင် အလုပ်လုပ်နေစဉ် ကျားက ဝင်ကိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကျားမျိုးသည် မျိုးသုဉ်းလုနီးနီး အခြေအနေ ရှိနေပြီး ကမ္ဘာပေါ်တွင် အပြီးတိုင် ပျောက်ကွယ်သွားမည်ကို စိုးရိမ်ရလောက်အောင် ရှားပါးလျှက် ရှိသည်။
Planet Myanmar Network
No comments:
Post a Comment