လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, March 30, 2013

ပတ်စပို့စာအုပ်ကိုပြန်ပေးဆွဲ

                                
                  ဘန်ကောက်မြို့ဖက်ကဆင် ၆၅လမ်း စွယ်ဖစ္စဖစ် အပြာတိုက်တွင်နေထိုင်သည့်  အလုပ်သမားတစ်ဦး ကမိမိ၏ ပတ်စပို့ စာအုပ်အား ပြန်ပေးဆွဲခံထားရကြောင်း ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ နေ့လည်ပိုင်းက ကိုသန်းဇေါ်ဌေး ညဆိုင်းအလုပ်လုပ်သဖြင့် နေလည်ဘက် အိပ်မောကျနေစဉ် ပိုက်ဆံအိပ်၊ လက်ကိုင်ဖုန်းနှင့် ပတ်စပို့တို့ ခိုးယူခံခဲ့ရသည်။
ကိုသန်းဇေါ်ဌေးက “ကျနော်တို့နေတဲ့ နေရာနားမှာ ကုန်စုံဆိုင်   ရောင်းတဲ့ထိုင်းလူမျိုးရှိတယ်လေ။ သူကနောက်နေ့မနက်ကြ မေး တယ်။ မင်း ပတ်စပို့ပျောက်သွားတယ်မလား၊ ပိုတ်ဆံသုံးထောင်
 ပေးခဲ့၊နောက်နေ့ ပတ်စပို့လာယူတဲ့။ ကျနော်တို့ အခြေအနေက ဒီလိုဗျ" ဟုပြောသည်။
အုန်းနွဲ့ အလုပ်သမားစာကြည့်တိုက်မှ ကိုတင့်က “ဒီလိုဖြစ်တာ ဒီတစ်ယောက်ပါဆိုရင် ၈ ယောက်ရှိပြီ၊ပတ်စပို့ ကိုခိုးတယ်၊ နှိုက်တယ်၊ ဘတ် ၃၀၀၀ ပေးမှ  ပတ်စပို့စာ အုပ်ကိုပြန်ပေးတယ်၊ ထိထိရောက်အရေးမယူနိုင်ရင် ဒီထက် ပိုဆိုးဖို့ရှိတယ်”ဟုပြောသည်။
 ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ကလည်း ရာဇ၀တ်မှုဖြစ်နေသဖြင့် ကူညီပေးနိုင်မည့် ထိုင်းအင်
ဂျီအို အဖွဲ့အစည်းကြီးများနှင့် မြန်မာသံရုံးတို့သို့ အသိပေး အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။
ရွှေလုပ်သား

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..