ရန်ကုန်မြို့၊ ခရီးသည်နှင့်ကုန်ကားဂိတ်များဖြစ်သည့် အောင်မင်္ဂလာဂိတ်နှင့် ဘုရင့်နောင်ဂိတ်တို့အား ရခိုင်ဒေသ အပါအ ၀င် မြန်မာပြည်အနှံ့အပြားသို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအား ၂၉ ရက်နေ့ ညနေ အချိန် အား နောက် ဆုံး ထား၍ သယ်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်း အရေးပေါ်အခြေအနေ အကြောင်းကြောင်းကြောင့် စိုးရိမ်ပူ ပန်လျက် ကားဂိတ်များမှ သင်္ကြန်ရက်များအထိ ယာယီ ပိတ်ထား လိုက်ရခြင်းဖြစ်ကြောင်း၊ ကုန်ပစ္စည်းမှာယူကြသည့် နယ်ကုန်သည် များ ထံမှ သိရှိရပါသည်။ ယင်းအတွက်ကြောင့်
ထိုနေ့ ၂၉ ရက်နေ့မှ စတင်ပြီး အဝေးပြေးကားဂိတ်များကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်းသိရသည်။ ထိုသို့ ပိတ်ထားရခြင်းကြောင့် နယ်မြို့များတွင် ကုန်စည်ပြတ်လတ်မှုများကို ရင်ဆိုင်လာရပြီး ဈေးနုန်းများမြင့်တက်လာနိုင်ခြေ ရှိကြောင်းလည်းသိရသည်။
နယ်မြို့မှ ကုန်သည်များသည် အဝေးပြေးကားဂိတ်များမှ ကားများကိုသာ အဓိက အားထားနေခဲ့ရသော်လည်း ယခုအခါတွင် ကုန်စည်များ ဆက်လက်မှာယူနိုင်ခြင်းမရှိသည့်အတွက် အခက်အခဲများဖြစ်လာနိုင်ကြောင်းလည်း နယ်ကုန်သည်တစ်ချို့ က ပြောဆိုကြပါသည်။
Myawady News
ကချင်နေစဉ်သတင်း
No comments:
Post a Comment