အမေရိကန်စာပို့စနစ်
(USPS) က သြဂုတ်လ ၁ ရက်နေ့မှစပြီး စနေနေ့မှာ စာမဝေတော့ဘူးလို့ သိရပါတယ်။
ဒီလိုလုပ်ရခြင်းဟာ အမေရိကန်စာတိုက်ရဲ့ ငွေကြေးဆုံးရှုံးနေမှုကို ကာကွယ်ဖို့
နည်းလမ်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ စနေနေ့စာဝေတာကို ရပ်လိုက်ပေမယ့်
ပါဆယ်ထုတ်တွေကိုတော့
ဆက်ပို့နေအုံးမယ်မှာဖြစ်ပြီး၊ စာတိုက်တွေကလည်း စနေနေ့မှာ
ပုံမှန်ဖွင့်ထားမှာ ဖြစ်ကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့နှစ်တွေကစပြီး
တောက်လျှောက် ဒေါ်လာဘီလီယံချီ အရှုံးပြနေတဲ့ အမေရိကန်စာပို့စနစ် ဟာ
အရှုံးသက်သာအောင်၊ ကုန်ကျစရိတ်လျော့သွားအောင် နည်းမျိုးစုံကြိုးစားခဲ့ပြီး
စာပို့တံဆိပ်ခေါင်းခကိုလည်း မကြာခဏတိုးမြင့်ခဲ့တာ လက်ရှိ
ပုံမှန်စာတစောင်ရဲ့ ပြည်တွင်းပို့ခဟာ ၀.၄၆ ဒေါ်လာ ဖြစ်ပါတယ်။
Wall Street Journal

No comments:
Post a Comment