လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, February 7, 2013

Jackie Chan က ကမ္ဘာ့မှတ်တမ်းဝင်ဆု ၂ ခု ရရှိ

Photo: Jackie Chan က ကမ္ဘာ့မှတ်တမ်းဝင်ဆု ၂ ခု ရရှိ
-------------------------------------------------
ဟောင်ကောင် အက်ရှင်စတန့် ရုပ်ရှင်မင်းသား ဂျက်ကီချန်း ဟာ Guinness World Records ကမ္ဘာ့မှတ်တမ်းဝင်ဆု ၂ ခုကို ပိုင်ဆိုင်ထားကြောင်း သိရပါတယ်။ GWR မှတ်တမ်းဝင်ဆုတခု က မနှစ်ကဒီဇင်ဘာလမှာ ရုံတင်ခဲ့တဲ့ Chinese Zodiac (CZ12) ရုပ်ရှင်ထဲမှာ ဂျက်ကီချန်းက မတူညီတဲ့တာဝန် ၁၅ မျိုး ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ သရုပ်ဆောင်၊ ကိုယ်ခံပညာနည်းပြ၊ ဇာတ်ညွန်း၊ တေးဂီတ စသဖြင့် ရုပ်ရှင်တစ်ကားထဲမှာ တာဝန်ယူပါဝင်မှု အများဆုံးနဲ့ ကမ္ဘာမှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ရုပ်ရှင်မင်းသား တယောက်အနေနဲ့ စတန့်အများဆုံး သရုပ်ဆောင်ခဲ့သူ အဖြစ် ကမ္ဘာ့မှတ်တမ်းတင်ခံခဲ့ရပါတယ်။ 

ရုပ်ရှင်လောကမှာ နှစ်ပေါင်း ၅၀ ကျော်ကျင်လည်ခဲ့တဲ့ ဂျက်ကီချန်းဟာ ရုပ်ရှင်ကားပေါင်း ၁၀၀ ကျော်ရိုက်ခဲ့ပြီး သူပါဝင်ခဲ့တဲ့ စတန့်ခန်းတွေတချို့မှာ အသက်ဘေးနဲ့ကြုံတွေ့ခဲ့ရပြီး မကြာခဏ ကျိုးအက်တာ ဖြစ်ခဲ့ရပါတယ်။ ဂျက်ကီချန်းကိုယ်တိုင် ပါဝင်သရုပ်ဆောင်တဲ့ စတန့်ခန်းတွေမှာ ဘယ်အာမခံကုမ္ပဏီကမှ တာဝန်မယူရဲဘဲ ရှိခဲ့ပါတယ်။ ၁၉၈၅ ခုနှစ်က Police Story (Hong Kong) ရုပ်ရှင်ထဲမှာ တခြားစတန့်သမားတွေတချို့ ထိခိုက်ဒဏ်ရာတွေရှိခဲ့လို့ ဂျက်ကီချန်းကိုယ်တိုင် Jackie Chan Stuntmen Association အဖွဲ့ကိုထူထောင်လိုက်ပြီး စတန့်သမားတွေကို သင်ကြားပေးခဲ့ကာ ဆေးဝါးကုသမှုတွေ အတွက် ဂျက်ကီချန်းရဲ့ ကိုယ်ပိုင်ငွေနဲ့ ကုသပေးခဲ့ပါတယ်။

"ရုပ်ရှင်သရုပ်ဆောင်လောကထဲမှာ ဘယ်သူကမှ ဂျက်ကီချန်းလောက် စွန့်စားပြီးသရုပ်ဆောင်တာ မရှိခဲ့ပါဘူး၊ ဒီကမ္ဘာ့မှတ်တမ်းဝင်ဆုက ဂျက်ကီချန်းရဲ့ အနုပညာဖန်တီးနိုင်စွမ်း နဲ့ ခံနိုင်ရည်စွမ်းရည်ကို ဂုဏ်ပြုတာဖြစ်ပါတယ်" လို့ Guinness World Records အကြီးအကဲ Rowen Simons က ပြောခဲ့ပါတယ်။

(Ref; Guinness World Records, Dec 5, 2012)

myanmar one

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..