အမေရိကန် ပြည်ထောင်စု၊ Massachusetts ပြည်နယ်မြို့တော် Boston ရှိ သုတေသန အတိုင်ပင်ခံ တစ်ဦးဖြစ်သူ Paul Baier သည်၎င်း၏ (၁၄) အရွယ် သမီးဖြစ်သူကို Facebook လူမှုကွန်ယက်အား အသုံးပြုမှုကို လာမည့် နွေရာသီ အထိ ရပ်နားထားရန် မုန့်ဖိုးငွေ ဒေါ်လာ ၂၀၀ ပေးခဲ့သည်ဟု ဆိုသည်။ Baier သည် သမီးဖြစ်သူ Rachael နှင့် သဘောတူညီထားသည့် "facebook အသုံးမပြုရ ကတိပြုလွှာ" ("Facebook Deactivation Agreement") ပုံကို ဖေဖေါ်ဝါရီလ (၅) ရက်နေ့က ဘလော့ပို့စ် တစ်ခုတွင် ဖော်ပြခဲ့သည်။
ဖော်ပြထားသော ပုံတွင် အဖေနှင့် သမီးနှစ်ဦးစလုံးက လက်မှတ်ရေးထိုးထားသည်။ သဘောတူညီချက်တွင် ဖေဖေါ်ဝါရီလ (၄) ရက် ၊ တနင်္လာနေ့မှ စပြီး ၊ ဇွန်လ (၂၆) ရက်နေ့ထိ facebook အား အသုံးမပြုပါဟု သမီးဖြစ်သူက ကတိပြုထားရသည်။ ထို့အတွက် Baier သည် သမီးဖြစ်သူအား ဧပြီလတွင် ဒေါ်လာ (၅၀) ကနဦးပေးမည် ဖြစ်ပြီး ၊ ကျန်ငွေ ဒေါ်လာ (၁၅၀) ကို ငါးလပြည့်မြောက်သည့် အချိန် ဇွန်လတွင် ပေးရမည် ဖြစ်သည်။ သဘောတူညီချက် အရ သူမအဖေသည် သူမ၏ facebook အသုံးပြုသည့် password ကို ပြောင်းလဲခွင့်နှင့် account အား deactivate လုပ်ခွင့် ရရှိမည် ဖြစ်ပြီး၊ ၄င်းသည် သူမအား နောင်အနာဂတ်တွင် facebook အသုံးပြုရန် ပြန်ပြီး reactivate ပြုလုပ်သည့်အခါ တားမြစ်ရန် ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
No comments:
Post a Comment