လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, February 10, 2013

ကံထူးရှင်ဇနီးမောင်နှံ တစ်ပတ်အတွင်း ထီဆုကြီးနှစ်ဆုဆွတ်ခူးရရှိ

Photo: ကံထူးရှင်ဇနီးမောင်နှံ တစ်ပတ်အတွင်း ထီဆုကြီးနှစ်ဆုဆွတ်ခူးရရှိ

တီအက်စ်လှိုင်

အမေရိကန် ပြည်ထောင်စု အာကန်ဆက် ပြည်နယ်မှ ဇနီးမောင်နှံသည် အာကန်ဆက် ထီမှ ဖွင့်လှစ်သော ထီဆုကြီးကို တစ်ပတ် အတွင်း နှစ်ကြိမ် ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

အာကန်ဆက် ပြည်နယ်မှ အသက် ၅၄ နှစ် အရွယ်ရှိ စတီဖင်နှင့် ၎င်း၏ ဇနီးဖြစ်သူ အသက် ၅၅ နှစ် အရွယ်ရှိ တာရီဝေဘာတို့ ဇနီးမောင်နှံ နှစ်ဦးသည် မိုင် ၁ဝဝ ကျော် ကွာဝေးသော Greers Ferry Lake အနီးရှိ အပန်းဖြေ အိမ်ကလေး ဆီသို့ ဖေဖော်ဝါရီ ၁ ရက်က အပန်းဖြေ ခရီး ထွက်ခွာ သွားခဲ့ ကြသည်။

ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းက ပန်ဘန်းမြို့ အနီး အနားရှိ T-Ricks အသုံးအဆောင် ပစ္စည်း အရောင်းဆိုင် သို့ သွားရောက်ခဲ့ကာ ခင်ပွန်းဖြစ်သူ စတီဖင်က ချက်ချင်းဖောက် ချက်ချင်း သိရှိနိုင်သည့် ဒေါ်လာ ၂ဝ တန် ခဲခြစ် ကံစမ်း ထီလက်မှတ် ငါးစောင်ကို ဝယ်ယူ ခဲ့ပြီး ဇနီး ဖြစ်သူက လေးစောင် ဝယ်ယူ ခဲ့သည်။

ထို့နောက် ဇနီးမောင်နှံ နှစ်ဦးသည် အပန်းဖြေ အိမ်လေး ဆီသို့ ပြန်လာကြ၍ ကံစမ်း ထီလက်မှတ် များကို ခဲခြစ် ကံစမ်းခဲ့ရာ ဒေါ်လာ ၂ဝ တန် ထီလက်မှတ်မှ အမေရိကန် ဒေါ်လာ တစ်သန်း ဆွတ်ခူး ရရှိခဲ့သည်။

ထိုဆုကို ဆွတ်ခူး ရရှိခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတို့ နေထိုင်ရာ အိမ်သို့ ပြန်ကြရန် ခင်ပွန်း ဖြစ်သူက ဆန္ဒ ရှိခဲ့သော်လည်း ဇနီး ဖြစ်သူက ဆက်လက်၍ နေထိုင်ရန် ဆန္ဒ ရှိခဲ့သည်။ ထို့နောက် ၎င်းတို့ ဇနီးမောင်နှံ နှစ်ဦးသည် T-Ricks စတိုးဆိုင်သို့ သွားရောက်၍ ကံစမ်း ထီလက်မှတ် ခြောက်စောင်ကို ထပ်မံ ဝယ်ယူ ခဲ့ကြသည်။ ဇနီးဖြစ်သူ ဝယ်ယူ ခဲ့သော ၁ဝ ဒေါ်လာတန် ထီလက်မှတ်ကို ခဲခြစ် ကံစမ်းခဲ့ရာ အမေရိကန် ဒေါ်လာ ၅ဝဝဝဝ ဆုကို ထပ်မံ ဆွတ်ခူး ရရှိ ခဲ့ပြန်သည်။ ထိုဆုကို ရရှိ ပြီးချိန်၌ ဇနီး မောင်နှံ နှစ်ဦးသည် အလွန် ပျော်ရွှင် ခဲ့ကြပြီး ယခုကဲ့သို့ တစ်ပတ် အတွင်း နှစ်ကြိမ် တိတိ ကံကောင်းခြင်းသည် ယုံနိုင်စရာ မရှိကြောင်း ခင်ပွန်းဖြစ်သူ စတီဖင်က ပြောကြား ထားသည်။ ၎င်းတို့ ဇနီး မောင်နှံ ဆွတ်ခူး ရရှိခဲ့သော ထီဆုကြီး နှစ်ဆု အနက်မှ တစ်ရာခိုင်နှုန်းကို T-Ricks စတိုးဆိုင် ပိုင်ရှင်အား ပေးအပ် ခဲ့ပြီး ထိုသို့ ပေးခဲ့သည့် အတွက် စတိုးဆိုင် ပိုင်ရှင် အနေဖြင့် အလွန် ပျော်ရွှင် ခဲ့သည်ဟု စတီဖင်က ပြောကြားခဲ့ သည်။ ထို့ပြင် ထီလက်မှတ် များကို ဆက်လက် ဝယ်ယူမည့် အစီအစဉ် ရှိသေးကြောင်း ဇနီးမောင်နှံ နှစ်ဦးက ပြောကြား ထားသည်။

အာကန်ဆက် ထီသည် အစိုးရက ဖွင့်လှစ်သော ထီ ၄၃ ခု အနက် တစ်ခု အပါအဝင် ဖြစ်ပြီး လွန်ခဲ့သော သုံးနှစ်ကျော်က စတင် ဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။ ။

http://bit.ly/Yj3p9f

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..