လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, February 5, 2013

အနာချုပ်သော ပုရွတ်ဆိတ်

Photo: အနာချုပ်သော ပုရွတ်ဆိတ် 

Driver Ant / Dorylus / Army Ant / Safari Ant အစရှိသဖြင့် နာမည် စုံစုံလင်လင် ခေါ်ဆိုတဲ့ ပုရွတ်ဆိတ်မျိုး ဖြစ်ပါတယ်။ များသော အားဖြင့် အာဖရိက တိုက်မှာ မြင်တွေ့ရလေ့ ရှိတဲ့ အရွယ်ကြီး ပုရွတ်ဆိတ် တစ်မျိုး ဖြစ် ပါတယ်။ 

ခေါင်းအရွယ်အစား သိသိသာသာကြီး အခြားသော ပုရွတ်ဆိတ်များထက် လည်း အရွယ်အစား ပိုကြီးပါတယ်။ ပုရွတ်ဆိတ် စစ်သား လို့ခေါ်ရတဲ့ အကြောင်း ကတော့ သူတို့ရဲ့  သန်မာမှုကြောင့် ဖြစ်ပါတယ်။ အကောင် သန်းချီ စုဖွဲ့နေထိုင်ပြီး အလုပ်ပြင်းပြင်းထန်ထန်လုပ်တဲ့ ပုရွတ်ဆိတ်တွေ တစ်မျိုးလည်း ဖြစ်ပါတယ်။ 

အသွားလည်း ထက်ပါတယ်။ ဒါကြောင့် သူကိုက်ပြီးရင် ကိုယ့်သွား ကိုယ်တောင် ပြန်မထုတ်နိုင်ပါဘူး။ သွားမဟုတ်ပါဘူး။ ခေါင်းမှာ ပါတဲ့ ဦးချိုကို ဆိုလိုခြင်း ဖြစ်ပါတယ်။ တစ်ခါစိုက်ပြီးရင် ပြန်ထုတ်ဖို့ ခက်ပါတယ်။ ဒါကြောင့် ရန်သူတွေနဲ့ တိုက်ခိုက်တဲ့အခါ အသက်ပေးပြီး တိုက်ခိုက် လေ့ ရှိတဲ့ ပုရွတ်ဆိတ်များလည်း ဖြစ်ပါတယ်။ မျက်လုံး ကန်းပြီး အာရုံခံ စနစ်နဲ့ အလုပ်လုပ်တဲ့ ပုရွတ်ဆိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။

ဒီတော့ သူ့ကို အာဖရိက တိုက်မှာ အနာချုပ်ဖို့အတွက် အသုံးပြုပါတယ်။ ထိခိုက်၊ရှနာ မှန်သမျှကြောင့် သွေး၊ ပြည် ယိုစီးတဲ့ အခါတွေဆိုရင် ယင်း စစ်သား ပုရွတ်ဆိတ်ကို ကိုက်စေပြီး ခေါင်းကိုချိုးလိုက်ပါတယ်။ အနာက လည်း သွေးတိတ်သွားပါတယ်။ အဆိပ်မတက်ပါဘူး။ ယင်းရှေးဦး သူနာပြု နည်းလမ်းကို ယနေ့တိုင် အသုံးပြုပေမယ့် နည်းသွားပါတယ်။ သို့ပေ မယ့် ဆေးရ ခက်ခဲတဲ့ အာဖရိက တောတောင်၊ ဒေသတွေထဲမှာ ယင်း နည်းလမ်းကို အသုံးပြုနေဆဲ ဖြစ်ကြောင်း သိရပါတယ်။ 
--
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2013/02/blog-post_5.html

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..