လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, February 6, 2013

ထိုင်း တပ်မတော် အနေဖြင့် နှစ်စဉ် တပ်သားသစ် ၈ဝ,ဝဝဝ ခန့် လိုအပ်လျက် ရှိ

Photo: ထိုင်း တပ်မတော် အနေဖြင့် နှစ်စဉ် တပ်သားသစ် ၈ဝ,ဝဝဝ ခန့် လိုအပ်လျက် ရှိ

ထိုင်းနိုင်ငံတွင် ပုံမှန် စစ်မှုမထမ်း မနေရ လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသော်လည်း တပ်သားသစ် လိုအပ်ချက် များပြား လာသောကြောင့် ကျောင်းတက်ရောက်စဉ် ကြည်းအရန် တပ်ဖွဲ့၌ စာရင်းသွင်း တာဝန် ထမ်းဆောင်သော ကျောင်း သားများအား စစ်မှု ထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့် ပြုတော့မည် မဟုတ်ကြောင်း သိရှိရပါသည်။

ယခင်က ကြည်းအရန် တပ်ဖွဲ့ဝင် ကျောင်းသားများအား မဖြစ်မနေ စစ်မှု ထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့် ပြုထားသောကြောင့် ထိုင်းကျောင်းသား အများ အပြားသည် မဖြစ်မနေ စစ်မှု ထမ်းဆောင် ရခြင်းအား ရှောင်လွှဲရန် အတွက် ကြည်းအရန် တပ်ဖွဲ့များသို့ ဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။ ထိုင်းတပ်မတော် အနေဖြင့် နှစ်စဉ် တပ်သားသစ် ၈ဝ,ဝဝဝ ခန့်လိုအပ်လျက် ရှိကြောင်း ဗိုလ်ချုပ်ကြီး Prayuth Chan-ocha က ပြောကြား ခဲ့ပါသည်။

http://bit.ly/VBHt8V

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..