လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, January 30, 2013

နှစ်ပေါင်း ၁ဝ၃ နှစ် သက်တမ်းရှိ လျှပ်စစ် မော်တော်ကား တစ်စီး အမေရိကန် ပြည်ထောင်စုတွင် စတာ လင်ပေါင် ၅ဝဝဝဝ ဖြင့် လေလံတင် ရောင်းချမည်



သံချေး တက်နေပြီ ဖြစ်သည့် နှစ်ပေါင်း ၁ဝ၃ နှစ် သက်တမ်းရှိ "Detroit Electric Model D" အမျိုးအစား လျှပ်စစ် ကားတစ်စီးကို အမေရိကန် ပြည်ေ ထာင်စု အရီဇိုးနား ပြည်နယ် စကော့ဒေးလ် မြို့၌ ဇန်နဝါရီ ၁၇ ရက်တွင် ကျင်းပမည့် လေလံပွဲတွင် စတာလင်ပေါင် ၅ဝဝဝဝ ဖြင့် လေလံတင် ရောင်းချသွား မည် ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။ အဆိုပါ လျှပ်စစ် ကားကို မီချီဂန် ပြည်နယ် ဒက်ထရွိုက် မြို့ရှိ ''Ander-son Electric Car Company'' က ၁၉၁ဝ ပြည့်နှစ်တွင် ထုတ်လုပ်ခဲ့ပြီး အမေရိကန် နိုင်ငံထုတ် ကား တစ်စီး ဖြစ်ကြောင်း သိရသည်။ ထိုအချိန်က မော်တော်ကား ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ စတာလင်ပေါင် ၁၅ဝဝ ဖြစ်ပြီး ယနေ့ခေတ် ငွေကြေး စတာ လင်ပေါင် ၈၅ဝဝဝ နှင့် ညီမျှသည်။ Nissan LEAF ကဲ့သို့သော ယနေ့ခေတ်ပေါ် လျှပ်စစ် ကားဈေးနှုန်းသည် စတာလင် ပေါင် ၂၅ဝဝဝ ပေါက်ဈေး ရှိ သည်ဟု သိရသည်။



''Detroit Electric Model D" လျှပ်စစ်ကားသည် တစ်နာရီလျှင် ၂၅ မိုင်နှုန်းဖြင့် ခရီး အကွာအဝေး မိုင် ၁ဝဝ ထိ မောင်းနှင်နိုင်ပြီး ထိုလျှပ် စစ်ကား များ မော င်းနှင်နိုင်ရန် အတွက် ခြောက်ပေ အရှည်ရှိသော ဓာတ်အား သွင်း ကိရိယာဖြင့် အားသွင်း ပေးရသည်။ လျှပ်စစ် ကားများသည် ၁၉၂ဝ ပြည့်နှစ် များတွင် အလွန် ခေတ်စား ခဲ့ပြီး ၁၉၃၉ ခုနှစ်တွင် ပျောက်ကွယ် သွားခဲ့သည်ဟု သိရသည်။ သို့သော် မကြာသေးမီ နှစ်များ အတွင်းက အမေရိကန် နိုင် ငံထုတ် ကားဟောင်းများကို ပြန်လည် ဖော်ထုတ်မည့် အစီအစဉ် တစ်ရပ်အဖြစ် ''Aderson Electric Car Com-pany" သည် တရုတ်နှင့် မလေးရှား နိုင်ငံ တို့မှ ကားထုတ် လုပ်ရေး ကုမ္ပဏီများနှင့် စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ ကြပြီး ဇန်နဝါရီ ၁၇ ရက်တွင် အမေရိကန် ပြည်ထောင်စု အရီဇိုးနား ပြည်နယ်ရှိ စကော့ ဒေးလ်မြို့ ရှိ လေလံပွဲတွင် လေလံတင် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
myawady

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..