ယခုလ အတွင်း ဗြိတိန်နိုင်ငံမှ အသက် ၅ဝ အရွယ် ချာလီပစ်ချာသည် The Sun သတင်းစာ၏ ထောက်ပံ့မှုဖြင့် အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်၍ တစ်ကိုယ်တော် လှော်ခတ် သွားလာရန် စီစဉ် လျက်ရှိကြောင်း သိရသည်။
မိမိသည် အသက် ၅ဝ အရွယ်ရှိပြီ ဖြစ်သော်လည်း ကျန်းမာ ကြံ့ခိုင်သည်ဟု ခံစားရမိသည့် အတွက် ယင်းကဲ့သို့ လှော်ခတ် သွားလာရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း ချာလီက ဇန်နဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ကနေရီကျွန်းရှိ လာဂိုမီးရား ဆိပ်ကမ်းမှ ကာရစ်ဘီယံရှိ ဘာဘေးဒို့စ် ဆိပ်ကမ်းသို့ ရွက်လွှင့်မည့် မိုင် ၂၉ဝဝ အကွာအဝေး ရှိသော ချာလီ၏ ခရီးစဉ်သည် လူမှုရေး အသင်းများ အတွက် ရန်ပုံငွေ ရှာဖွေ ပေးနိုင်ရန် ယခုကဲ့သို့ တစ်ကိုယ်တော် ရေလမ်း ခရီးထွက်ခဲ့ခြင်း ဖြစ်ပြီး Great Ormond Street ကလေး ဆေးရုံ၊ ဒဏ်ရာ ရရှိသူ မရိန်းတပ်သား များနှင့် ကွန်မန်ဒို တပ်ဖွဲ့ဝင်များ အတွက် စတာလင်ပေါင် ၁ဝဝဝဝဝ လှူဒါန်း နိုင်မည်ဟု ချာလီက မျှော်မှန်း ထားကြောင်း သိရသည်။
ချာလီသည် ပေ ၈ဝ အမြင့်ရှိ လှိုင်းလုံးများနှင့် ပြင်းထန်သော မုန်တိုင်း တိုက်ခတ်မှု များကို ရင်ဆိုင် ရမည်ဖြစ်ကြောင်း သိရသည်။
myawady.
No comments:
Post a Comment