လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, January 6, 2013

ရေနစ်နေတဲ့အလုပ်သမားကို အသက်ပေးပြီး ကယ်တင်ခဲ့တဲ့ အလုပ်ရှင်

အလုပ်ရှင်တွေဟာ အလုပ်သမားတွေ အပေါ်မှာ သက်ညှာမှု မရှိပဲ..၊ ကိုယ့်စီးပွားတစ်ခုတည်းကိုပဲ ကြည့်ကြတယ်လို့ လူအများစု လက်ခံထားကြပါတယ်..။ ဒါပေမယ့် တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက် လေးကတော့ အဆိုပါ လူတွေကို အံ့သြတုန်လှုပ်စေခဲ့ပါတယ်..။ ဟုတ်ပါတယ်…။ အလုပ်ရှင်ဖြစ်တဲ့ သန်းပေါင်း များစွာ ကြွယ်ဝပိုင်ဆိုင်တဲ့သူဌေးဟာ ရေနစ်နေတဲ့ သာမည သူ့အလုပ်သမားလေးကို ကယ်ဆယ်ရာမှ အသက်ဆုံးရှုံးခဲ့ရတာပါ..။
ဒီဇင်ဘာလ ၂၁ မှာ Zhejiang Yongkang မြို့က စတီးကြိုး လုပ်ငန်းရှင် သူဌေးဖြစ်တဲ့ Du Guanghua ဟာ ဒီဇင်ဘာလ (၂၁) ရက်ညမှာ ကျရောက်တတ်တဲ့ ဆောင်းယဉ်စွန်းချိန် (Winter Solstice) ကို ညစာစားရင်း အတူကုန်ဆုံး ခံစားဖို့ သူ့ အလုပ်သမားတွေကို ဖိတ်ခဲ့ပါတယ်..။ အဲ့ဒီထဲ က အလုပ်သမားတစ်ယောက်ဟာ အရက်အလွန်မူးခဲ့ပြီး ကမ်းပါးကနေ မြစ်ထဲကို ခြေချော်ပြုတ်ကျ ခဲ့ပါတယ်..။ သူဌေးဖြစ်တဲ့ Du ဟာ တွေဝေနေခြင်းမရှိပဲ ချက်ခြင်း မြစ်ထဲကို ခုန်ချပြီး သူ့အလုပ်သမား ကို ကယ်ဆယ်ခဲ့ပေမယ့် သူကတော့ အသက်ဆုံးရှုံးခဲ့ပါတယ်..။ ဒီဇင်ဘာ ၂၅ ရက်နေ့မှာတော့… မြို့နေ လူထုအချို့က မြစ်ကမ်းပါးပေါ်မှာ Du Guanghua အတွက် လွမ်းသူ့ပန်းစည်းလေးတွေ လာရောက်ချထားကြပါတယ်..။

 ဒီဇင်ဘာ ၂၄ မှာတော့.. Yongkang မြို့ရဲ့ မြို့တော်ဝန်ဟာ ပြည်သူလူထုတွေအတွက် Du Guanghua ဟာ စံပြ တစ်ဦးဖြစ်ကြောင်းနဲ့ ကျန်ပြည်သူများမှ အတုယူသင့်ကြောင်း ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ ပါတယ်..။ Yongkang တစ်မြို့လုံးကတော့ Du ကို hero ဆိုပြီး အမည်တပ်ခဲ့ကြပါတယ်..။

ဂန္ဓမာပန်းတွေနဲ့ ဝေဆာနေတဲ့ Du Guanghua သေဆုံးခဲ့တဲ့ နေရာဖြစ်ပါတယ်…။
Du Guanghua အသက်ရှိစဉ်က သူ့ရဲ့ဓါတ်ပုံလေးဖြစ်ပါတယ်…။
ကို အောင်ထွန်းဦး

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..