လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, January 6, 2013

“မြန်မာမိန်းကလေးဟုယူဆရသူပုဇွန်ကန်ဘောင်တွင် သေနတ်ဖြင့်ပစ်သတ်ခံရ”


၂၀၁၃ ဇန်န၀ါရီ ၅ထိုင်းနိုင်ငံအရှေ့ပိုင်း ဘန်ကောက်မြို့ နှင့်၇၅ကီလိုမီတာ
အကွာ တွင်ရှိသော   ချာချင်းစောင်
 မြို့အမှတ်(၃) ရပ်ကွက် ဘန်ကရောက်


ရွာရှိ  ပုဇွန်ကန်ဘောင်တွင် မြန်မာမိန်းကလေးဟု ယူဆရသူတစ်ဦး သေနတ်ဖြင့် ပြီးခဲ့သည့် ညက ပစ်သတ်ခံခဲ့ ရကြောင်း ထိုင်းဘာသာဖြင့် ထုတ်ဝေသည့် ခေါင်စွတ်နှင့် ထိုင်းရပ် သတင်းစာတွင် ဖေါ်ပြထားသည်။

             လူသတ်မှုဖြစ်ပွားခဲ့သည့် နေရာသို့ သက်ဆိုင်ရာနယ်မြေရဲ စခန်းနှင့်ကယ်ဆယ်ရေး လာရောက် စစ်ဆေးခဲ့ရာလက်နှစ်ဘက်ကို ကြိုးဖြင့်ချည်နှောင်ထားသည်။

              တုတ်အမာဖြင့်ဦးခေါင်းကိုရိုက်ထားသောဒဏ်ရာများနှင့်လည်ပင်းကျိုးနေသည်။ ထို့နောက် သေနတ်ဒဏ်ရာ ၁၀ချက်ထက်မနည်းတွေ့ရှိရကြောင်းတာဝန်ရှိရဲကပြောသည်။ 

            ပုဇွန်ကန်ပိုင်ရှင် နန်းဘွန်မီး အသက် ၃၆ နှစ်  ထွက်ဆိုချက်အရ မနက် ၄ နာရီခန့်တွင် ခွေးပောာင် သံကြားသော်လည်း ထ,မကြည့်ခဲ့ကြောင်း၊   မနက်မိုးအလင်း ပုဇွန်ကန် ဘက်သို့ သွားရာ အလောင်းကိုတွေ့ ၍ သက်ဆိုင်ရာကို အကြောင်းခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

                 ယ္ခု အသတ်ခံရသောမိန်းခလေး သည် ပုဇွန်ကန်သို့ မကြာခဏလာကြောင်း၊ ပုဇွန်ကန်တွင် အလုပ်လုပ်နေသော မြန်မာ အလုပ်သမားတစ်ယောက်နှင့် သမီးရည်းစား ဖြစ်သည်ပာု ယူဆကြောင်း၊

 တစ်နေ့ထဲ တွင် ပုဇွန်ကန် မှ အလုပ်သမား ဖုန်းဆက် ခွင့်ယူပြီးနောက် ဖုန်းပြန်ဆက်သွယ်ခဲ့သော်လည်း  ဆက်သွယ်၍ မရပဲပျောက်နေကြောင်း  ထွက်ဆိုခဲ့သည်။

  အမှုမှန် ပေါ်ပေါက်နိုင်ရန်  အတွက် ချာချင်းစောင် နယ်မြေ ရဲစခန်းမှ အပူတပြင်း စုံစမ်းနေသည်ပာု Thairath နှင့် khonsod သတင်းစာ တွင်ဖေါ်ပြထားသည်။

(အဓမ္မပြုကျင့်ခံရခြင်းရှိမရှိနှင့် အသက်အရွယ်/နာမည်တို့အားရေးသားထားခြင်းမရှိပါ။

 ရွှေလုပ်သား

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..