ပင်လယ် ကမ်းခြေ အနီး နေထိုင် သူတွေက
ကုန်းမြေပေါ် မှာ နေထိုင်သူ တွေထက် ကျန်းမာရေး ပိုမိုကောင်းမွန် ကြကြောင်း
ဗြိတိန် လေ့လာမှု အသစ် တစ်ခုက ဆိုပါတယ်။
ဒီအကျိုး သက်ရောက်မှုရဲ့ အကြောင်းရင်းကို
တိတိကျကျ မသိနိုင်သေးပေမယ့် ပင်လယ် ကမ်းခြေ အနီးမှာ နေထိုင် ရတာကြောင့်
လေကောင်း လေသန့်ရရှိတာ၊ စိတ်ဖိစီးမှု အဆင့် လျော့နည်းတာ၊ ကိုယ်လက်
လှုပ်ရှားမှုက လုပ်ဆောင်ဖြစ်တာ စတဲ့ ကျန်းမာရေး ကောင်းမွန်စေတဲ့
အခွင့်အလမ်းကောင်း တွေကို ရရှိစေတယ်လို့ လေ့လာသူတွေ က ယုံကြည် ကြပါတယ်။
ဒါကြောင့် အပန်းဖြေ ခရီးအဖြစ်
ပင်လယ်ကမ်းခြေကို ရွေးချယ်သွားရောက်ရင် စိတ်ဖိစီးမှု ပြေ လျော့ကာ
အပန်းပြေကြည်နူးမှု ရရှိကြောင်း၊ ပင်လယ်ကမ်းခြေဒေသ အစား အသောက်တွေဖြစ်တဲ့
လတ်ဆတ်တဲ့ ပင်လယ်စာ၊ အုန်းရည် စတာတွေ ကို သောက် ရတဲ့အတွက် အာဟာရ အပြည့်အဝ
ရရှိ စေကြောင်းနဲ့ ကမ်းခြေမှာ လမ်းလျှောက် ကာ ခုန်ပေါက် လှုပ်ရှားခွင့်
ရရှိတာကြောင့် ကိုယ်လက်လှုပ်ရှားမှု ရရှိစေကြောင်း လေ့ လာသူတွေက သုံးသပ်
ရှင်းပြ ထားပါတယ်။
ဒါပေမဲ့ ပင်လယ်ကမ်းခြေ ဒေသကို
အပန်းဖြေခရီး သွားရောက်လည်ပတ် မယ်ဆိုရင် နေကာခရင်မ်ကိုတော့ မဖြစ်မနေ
ယူဆောင်သွားဖို့နဲ့ စနစ်တကျ လိမ်းဖို့ လေ့လာသူတွေက အကြံပြု ထားပါတယ်။
(Ref;R
No comments:
Post a Comment