လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, January 4, 2013

ဂျပန် နိုင်ငံသည် သယ်ယူ ပို့ဆောင်ရေး လေယာဉ်သစ် တစ်မျိုးအား ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့တွင် အသုံးပြုရန် စဉ်းစားလျက် ရှိခြင်း

Photo: ဂျပန် နိုင်ငံသည် သယ်ယူ ပို့ဆောင်ရေး လေယာဉ်သစ် တစ်မျိုးအား ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့တွင် အသုံးပြုရန် စဉ်းစားလျက် ရှိခြင်း

ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူများသည် လေယာဉ်နှင့် ရဟတ်ယာဉ် ပုံစံနှစ်မျိုး စလုံး အသုံးပြုနိုင်သော လေယာဉ် တစ်မျိုးကို ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့တွင် တပ်ဆင် အသုံးပြုရန် စဉ်းစားလျက် ရှိကြောင်း ဒီဇင်ဘာလ ၃၁ ရက်နေ့ Newsnow သတင်း တစ်ရပ်အရ သိရှိရ ပါသည်။

အဆိုပါ တာဝန်ရှိ သူများသည် ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့၏ သယ်ယူ ပို့ဆောင်ရေး ဆိုင်ရာ စွမ်းရည်ကို တိုးမြှင့်ရန် ရည်ရွယ်လျက် ရှိကြောင်း၊ ဝယ်ယူရန် စဉ်းစားထားသည့် လေယာဉ်များတွင် Osprey သယ်ယူ ပို့ဆောင်ရေး လေယာဉ် ပါဝင်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူများက ပြောကြား ခဲ့ပါသည်။

အမေရိကန် နိုင်ငံသည် အိုကီနာဝါ စီရင်စုတွင် Osprey လေယာဉ်များ ဖြန့်ကြက် ချထားပြီး ဖြစ်ပါသည်။ အဆိုပါ Osprey လေယာဉ်သည် CH-46 သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ်ထက် အမြန်နှုန်း ၂ ဆဖြင့် ပျံသန်းနိုင်ပြီး အလေးချိန် ၃ ဆ ပိုမို သယ်ယူနိုင် စွမ်းရှိကြောင်း၊ လောင်စာဆီ ထပ်မံ မဖြည့်ဘဲ CH-46 ရဟတ်ယာဉ် ပျံသန်းနိုင်သည့် အကွာအဝေးထက် ၄ ဆ ပျံသန်း နိုင်ကြောင်း သိရှိရ ပါသည်။ အဆိုပါ လေယာဉ်များအား ဝယ်ယူရာတွင် ပြည်သူများ အနေဖြင့် ¤င်းလေယာဉ်များ အပေါ် ရှုမြင်သည့် သဘောထား အမြင်များနှင့် လေယာဉ်များ၏ ကုန်ကျစရိတ်ကို အလေးထား စဉ်းစားသွားမည် ဖြစ်ကြောင်း ၎င်းတာဝန်ရှိ သူများက ပြောကြားခဲ့ သည်ဟု သိရှိရ ပါသည်။

http://www.myawady.net.mm/allnews/global/item/3530-2013-01-03-13-22-53

myawady.

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..