လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, January 31, 2013

မိုးလေ၀သသတင်း (ဇန်နဝါရီလ (၃၀) ရက်)

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက် ညနေ(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်
ဘင်္ဂလား ပင်လယ်အော် အခြေအနေ။
ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် တိမ် အသင့်အတင့်မှ တိမ် ထူထပ်နေပြီး၊ ကျန် ဘင်္ဂလား ပင်လယ်အော်တွင် တိမ် အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
မနက်ဖြန် ညနေအထိ ခန့်မှန်းချက်။
မန္တလေး တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်
နေရာ ကွက်ကျားမှ နေရာ ကျဲကျဲ မိုးထစ်ချုန်း ရွာပြီး၊ ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ် အသင့်အတင့် ဖြစ်ထွန်းမည်။ ရွာရန် ရာနှုန်း (၆၀) ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။
မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊မွန်တနင်္သာရီ ကမ်းရိုးတန်း တစ်လျောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ အရှေ့ဘက်မှ လေပြင်းများ တိုက်ခတ်နိုင်ပြီး၊လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ လေပြင်း တိုက်ခတ်စဉ် ရေပြင်၊ မြေပြင် လေသည် တစ်နာရီလျှင် မိုင် (၃၀) မှ (၃၅) မိုင်အထိ တိုက်ခတ် နိုင်ပါသည်။ကျန် မြန်မာ့ ပင်လယ်ပြင်တွင် လှိုင်း အသင့်အတင့် ရှိမည်။
နောက်(၂)ရက်အတွက် ခန့်မှန်းချက်။ မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများတွင် မိုးဆက်လက် ထစ်ချုန်း ရွာနိုင်ပါသည်။ နေပြည်တော်နှင့် အနီးတစ်ဝိုက် အတွက် မနက်ဖြန် ညနေအထိ ခန့်မှန်းချက်။ နေရာ ကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။
မန္တလေးမြို့နှင့် အနီးတစ်ဝိုက် အတွက် မနက်ဖြန် ညနေအထိ ခန့်မှန်းချက်။ နေရာ ကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန် ရာနှုန်း (၈၀) ဖြစ်ပါသည်။

မိုးလေ၀သနင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန
The Voice Journal 

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..