လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, January 31, 2013

ကမ္ဘာ့ပထမဆုံး နိုဘယ်ဆု ရရှိသော အမျိုးသမီး



ပိုလန်နိုင်ငံမှာ ဖွားပြီး ပြင်သစ်မှာ ရူပနဲ့ ဓာတုဗေဒ ပညာ လေ့လာတဲ့ Marie Curie အမည်ရ အမျိုးသမီးဟာ ကမ္ဘာ့ပထမဆုံး နိုဘယ်လ်ဆုရှင် အမျိုးသမီး ဖြစ်ပါတယ်။ ဒါကြောင့် ပိုလန်ငွေစက္ကူတွေထဲမှာလည်း သူမပုံကို ထည့်သွင်း အသိအမှတ်ပြုခဲ့ကြပါသေးတယ်။


Radioactivity သီအိုရီ ကို စတင်ထုတ်ဖော်နိုင်သူ၊ radioactive isotopes ခွဲထုတ်ခြင်း နည်းပညာကို ဖန်တီးသူ၊ ပိုလိုနီယမ်၊ ရေဒီယမ် အစရှိ သဖြင့် ဒြပ်စင် နှစ်ခု ရှာဖွေတွေ့ရှိသူ အဖြစ် အောင်မြင်ကျော်ကြားပြီး အခြားသော သိပ္ပံပညာရပ်ဆိုင်ရာ အောင်မြင်မှုပေါင်း များစွာ ရရှိထား သူ ဖြစ်ပါတယ်။

၁၈၆၇ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က မွေးဖွားပြီး ၁၉၃၄ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၆၆ နှစ် ရှိနေပြီ ဖြစ်ပါတယ်။

အမျိုးသမီး တစ်ဦးအနေနဲ့ သူမရဲ့  တီထွင်မှု၊ ရှာဖွေဖော်ထုတ်နိုင်မှုဟာ အခြားသော အောင်မြင်တဲ့ အမျိုးသား သိပ္ပံပညာရှင်များနဲ့ တန်းတူ ယှဉ်နိုင်ခဲ့ ပါတယ်။ လက်ရှိအချိန်ထိလည်း ကမ္ဘာ့ပထမဆုံး အမျိုးသမီး နိုဘယ်ဆုရှင်၊ ကမ္ဘာ့ အထူးချွန်ဆုံး အမျိုးသမီး ရူပ၊ဓာတု ဗေဒ ပညာရှင်အဖြစ် အသိမှတ်ပြုခံထား ရကြောင်း သိရပါတယ်။
--
Ref: wiki
Aung Kham (TSJ team)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..