လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, January 31, 2013

မော်တော်ဆိုင်ကယ်ကို အသုံးပြု၍ ကုန်းရေ နှစ်သွယ်သွား မော်တော်ဘုတ် တစ်စင်း တရုတ် ငါးဖမ်းသမား တစ်ဦး တည်ဆောက်

ပေကျင်း ဇန်နဝါရီ  ၃ဝ
တရုတ် နိုင်ငံ ဖူကျန်းပြည်နယ် ကျန်းကျိုးမြို့မှ အသက် ၄၃ နှစ်အရွယ်ရှိ ချန်ကော့ဟုန် ဆိုသူ ငါးဖမ်းသမား တစ်ဦးသည် မော်တော်ဘုတ် တစ်စင်းအဖြစ် အသုံးပြု နိုင်သည့် အပြင် မော်တော်ဆိုင်ကယ် တစ်စီး အဖြစ်ပါ အသုံးပြု နိုင်သည့် ကုန်းရေ နှစ်သွယ်သွားယာဉ် တစ်စင်းကို တီထွင် ထုတ်လုပ် ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
အဆိုပါ ကုန်းရေ နှစ်သွယ်သွား ယာဉ်တွင် ဆိုင်ကယ် တစ်စီးကို မော်တော်ဘုတ်၏ ကိုယ်ထည် အတွင်း ထည့်သွင်း၍ တည်ဆောက် ထားကြောင်း သိရသည်။ ကုန်းရေ နှစ်သွယ်သွား ယာဉ်မှာ ၄ ဒသမ ၅ မီတာ အရှည် ရှိပြီး ၁ ဒသမ ၆ မီတာ အကျယ်ရှိ၍ ၇၅ဝ ကီလိုဂရမ် အလေးချိန် ရှိကြောင်း၊ ထို့ပြင် ရေလမ်းနှင့် ကုန်းလမ်း ခရီးတွင် အလွယ်တကူ သွားလာ နိုင်ကြောင်း သိရသည်။ ထိုယာဉ်သည် ကုန်းလမ်း ခရီးတွင် တစ်နာရီလျှင် ကီလိုမီတာ ၇ဝ နှုန်းနှင့် မောင်းနှင်နိုင် ပြီး ရေလမ်း ခရီးတွင် တစ်နာရီလျှင် ရေမိုင် ၄ မိုင် နှုန်းဖြင့် ခုတ်မောင်း နိုင်ကြောင်း သိရသည်။
မစ္စတာ ချန်သည် အသက် ၁၃ နှစ် အရွယ်မှ စ၍ ငါးဖမ်းသမား တစ်ဦးအဖြစ် အသက်မွေး ဝမ်းကျောင်း အလုပ် လုပ်ကိုင် ခဲ့သော်လည်း ယခုကဲ့သို့ တီထွင် ရခြင်းကို နှစ်သက်ကြောင်း၊ ထိုကုန်းရေ နှစ်သွယ်သွား ယာဉ်ကို ပြီးခဲ့သည့် မေလက စတင် တည်ဆောက်ခဲ့ပြီး အောက်တိုဘာ လတွင် ပြီးစီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကုန်းရေ နှစ်သွယ်သွား ရေယာဉ် တစ်စင်းကို တည်ဆောက်ရန် ပုံစံ ဒီဇိုင်းကို မိမိ စိတ်ကူး အတွင်း၌ ရှိခဲ့ သော်လည်း အကြိမ်ကြိမ် ပြုပြင် မွမ်းမံ ခဲ့ရကြောင်း မစ္စတာ ချန်က ပြောကြား ခဲ့သည်။
 
by- mwdmedia

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..