Hyogo မြို့ ငယ်လေး အတွင်းက Hojomachi Station ဘူတာရုံမှာ အသက် ၇ နှစ်ကျော် ၈ နှစ်ဝန်းကျင် ရှိတဲ့ မျောက် နှစ်ကောင်ကို ဘူတာရုံ အုပ်ကြီး အဖြစ် ခန့်အပ်ထားပါတယ်။ Nehime and Rakan လို့ လူသိများပါတယ်။ Wakayama မြို့ ငယ်လေးက ဘူတာ Kishi မှာတော့ Tama အမည်ရ ကြောင်က ဘူတာရုံ အုပ်ကြီး ဖြစ် ပါတယ်။
ယင်း ဘူတာရုံအုပ် ကြောင်နဲ့ ၊ မျောက်များအတွက် ယူနီဖောင်းများ၊ ဦးထုပ်၊ ရာထူး တံဆိပ်များ သေချာလုပ်ပြီး တကယ့် စာရွက်စာတန်းများနဲ့ ခန့်အပ် ထားခြင်းဖြစ်ပါတယ်။ အမှန်တော့ ဒါဟာ စီးပွားရေး၊ နိုင်ငံရေး လှည့်ကွက် တစ်ခု ဖြစ်ပါတယ်။ ကြောင်ကို ဘူတာရုံအုပ်အဖြစ် ခန့်ထားတဲ့ Sishi ဘူတာရုံရဲ့  တစ်နှစ်တာ ဝင်ငွေက အမေရိကန်ဒေါ်လာ ၁၀ သန်း မက ရှိပါတယ်။
ထိုနည်းတူစွာ မျောက်ဘူတာရုံမှာလည်း ဝင်ငွေ သန်းနဲ့ချီ ရှိပါတယ်။
ကမ္ဘာလှည့်ခရီးသည်များကို အဓိက စွဲဆောင်ရန် ရည်ရွယ်ခြင်း ဖြစ်ပြီး နှစ် စဉ် လာရောက်လည်ပတ် ကြည့်ရှုသူများနဲ့ စည်ကားလျက် ရှိကြောင်း သိရပါတယ်။
--
Ref:weirdasia

No comments:
Post a Comment