လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, January 1, 2013

နာနီနှင့် ပြဿနာ ရှိနေကြောင်း ဖာဂူဆန် ဖွင့်ဟ


လူးဝစ်နာနီနှင့် မန်ချက်စတာ ယူနိုက်တက် အသင်းတို့ကြား ပြဿနာများ ရှိနေခြင်းကို ထင်သာမြင်သာ ဖြစ်စေသော အရိပ်အမြွက် စကားမျိုးကို မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ထုတ်ဖော် ပြောကြားလိုက်သည်။ ပေါ်တူဂီ လက်ရွေးစင် နာနီသည် မန်ယူ အသင်းတွင် စာချုပ်သက်တမ်း တိုးမြှင့်ရေး ညှိနှိုင်းမှု အဆင်မပြေ ဖြစ်နေပြီး လတ်တလောတွင်
ဒဏ်ရာကြောင့် အနား ယူနေရသည်။ မန်ယူသည် ၎င်းတို့၏ အဓိက ကစား သမားကို ကာလရှည်ကြာ အသုံး မပြုဘဲ ချန်လှပ် ထားသော်လည်း ရလဒ်ကောင်း များ ပိုင်ဆိုင်နေဆဲ ဖြစ်သည်။ ယခုအခါ စကော့သား မန်နေဂျာကြီး ဖာဂူဆန်က နာနီ၏ ဒဏ်ရာနှင့် ပတ် သက်ပြီး ယုံကြည်စရာ မရှိသည့် သဘောမျိုး ဝေဖန် လာခြင်းကြောင့် နာနီနှင့် ဖာဂူဆန်တို့ကြား တင်းမာမှုမှာ ပိုမို သိသာ လာစေခဲ့သည်။

ဖာဂူဆန်က "ကျွန်တော်တို့ဟာ နာနီကို လိုအပ်ပါတယ်။ သူက အသင်းက တခြား ကစားသမား တွေနဲ့ ကွဲပြား တဲ့ အရည်အသွေး တစ်ရပ် ပိုင်ဆိုင်သူပါ။ ပြီးတော့ ပါရမီလည်း ကောင်းမွန်ပါတယ်။ ဒါပေမဲ့ သူက လောလော ဆယ် ဒဏ်ရာ ရနေပါတယ်။ ဒါကြောင့်လည်း အသင်းက သူ့ကို ဒူဘိုင်းမှာ သွားနား ခိုင်းထားရတယ်။ ပူနွေး သာယာတဲ့ ရာသီ ဥတုကြောင့် သူ့ဒဏ်ရာ ပြန်ကောင်း လာမယ်လို့ ထင်ပါတယ်"ဟု ဆိုသည်။ ၎င်းက ဆက် လက်၍ "ဇန်နဝါရီ လ လယ် လောက်ထိတော့ နာနီကို ကျွန်တော် ပြန်သုံးဖြစ်မှာ မဟုတ်ပါဘူး။ သူက တံ ကောက်ကြော ဒဏ်ရာ ရထားပါတယ်။ ဒီဒဏ်ရာမျိုးက နာနီလို ကစား သမားမျိုး ရနေကျ မဟုတ်ဘူးလေ။ ခု တော့ သူက ကျွန်တော်တို့ အတွက် ကစားပေးရင်း ဒဏ်ရာ တော်တော် ရနေတယ်။ ဒါက ကံဆိုးတာပါပဲ" ဟု လည်း ပြောကြားသွားသည်။ နာနီသည် မန်ယူ အသင်းနှင့် စာချုပ်သက်တမ်း (၁) နှစ်ခွဲသာ ကျန်ရှိ နေတော့ သူ ဖြစ်သည်။ ၎င်းသည် မန်ယူမှ ထွက်ခွာမည်ဟု သတင်းကြီးနေပြီး အာဆင်နယ်၊ ချယ်လ်ဆီး စသော အသင်းများက စိတ်ဝင်စားလျှက် ရှိသည်။

မြ၀တီ မှ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..