အီရန် တပ်ဖွဲ့သည် ယခုလ အစောပိုင်းတွင် ScanEagle မောင်းသူမဲ့ လေယာဉ်အား ဆင်းသက်စေ ခဲ့ခြင်း မတိုင်မီ အချိန်ကပင် အမေရိကန် မောင်းသူမဲ့ လေယာဉ် ၂ စီးထက် မနည်းအား ဖမ်းဆီး ထိန်းသိမ်း ခဲ့ကြောင်း အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ ရေတပ် အကြီးအကဲက အခိုင်အမာ ပြောကြား ခဲ့ပါသည်။
တတိယ အကြိမ်မြောက် ဖမ်းဆီး ထိန်းသိမ်း ခဲ့သော ဘိုးရင်း ကုမ္ပဏီလုပ် ScanEagle မောင်းသူမဲ့ ကင်းထောက် လေယာဉ်အား နိုင်ငံပိုင် ရုပ်/သံမှ တစ်ဆင့် ထုတ်ဖော် ပြသခဲ့ကြောင်း ရေတပ် ဗိုလ်ချုပ်ကြီး အလီဖာ ဒါဖီ၏ ပြောကြားချက်ကို ကိုးကား၍ IRNA သတင်း ဌာနက ထုတ်ပြန် ခဲ့ပါသည်။
အီရန် နိုင်ငံလုပ် ScanEagle မောင်းသူမဲ့ လေယာဉ် မူပွားအား အီရန် နိုင်ငံတွင် အသုံးပြုနေပြီ ဖြစ်ကြောင်း ဖာဒါဖီက ပြောကြားခဲ့ သော်လည်း အသေးစိတ် အချက် အလက်များ ကိုမူ ၎င်းက ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိပေ။
myawady

No comments:
Post a Comment