လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, December 20, 2012

ချန်ပီယံလိဂ် ဖလားရရေးကိုသာ အဓိက ဦးစားပေးထားကြောင်း ခါဒီယာဖွင့်ဟ

ရီးရဲလ် အသင်း၏ ကွင်းလယ် ကစားသမား ခါဒီယာမှ အသင်း၏ ယခုနှစ် ရာသီ ခြေစွမ်းမှာ ကောင်းမွန်ခြင်း မရှိကြောင်း ၀န်ခံပြောဆို ခဲ့ပြီး လက်ရှိ အချိန်တွင် ချန်ပီယံလိဂ် ဖလားကိုသာ အဓိက အာရုံစိုက် ကစားရမည်ဟု ဖွင့်ဟ ပြောဆိုခဲ့သည်။
တစ်ကျော့ပြန် လာလီဂါ ချန်ပီယံ ရီးရဲလ်မက်ဒရစ် အသင်းသည် လက်ရှိအချိန်တွင် လာလီဂါ အမှတ်ပေး ပြိုင်ပွဲ၏ ထိပ်ဆုံးမှ ဦးဆောင် နေသည့် ဘာစီလိုနာ အသင်းနှင့် (၁၃)မှတ်
ကွာဟနေပြီး ပြီးခဲ့သော ရာသီက တစ်ရာသီလုံး ဆုံးရှုံးခဲ့သည့် အမှတ် ပမာဏထက် ပိုများသော အမှတ်များ ဆုံးရှုံးထားခဲ့သည်။
“ရီးရဲလ်လို အသင်းမျိုး အတွက် ခုရာသီက ဆိုးဝါးတဲ့ ရာသီပါ။ ကျွန်တော်တို့ ခုလက်ရှိ ဖြစ်နေတဲ့ အခြေအနေ အပေါ်မှာ လုံးဝကို မပျော်ရွှင်ပါဘူး။ ရီးရဲလ်အသင်းမှာ အကြောင်းအရာ တစ်ခုကို အဓိက ဦးစားပေး အဖြစ် သတ်မှတ်ထားပါတယ် အဲဒါကတော့ ချန်ပီယံလိဂ် ဖလားပါ”ဟု ခါဒီယာမှ ဖွင့်ဟ ပြောဆိုခဲ့သည်။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..