ဆန္ဒပြမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန် အိန္ဒိယဝန်ကြီးချုပ် ပြောကြား
အုပ်စုလိုက် မုဒိမ်းကျင့် သတ်ဖြတ်မှု တရားခံများအပေါ် ပြင်းထန်စွာ အရေးယူရန်
တောင်းဆို ဆန္ဒပြသူ များနှင့် ၎င်းတို့ကို တားဆီးသော ရဲများကြား ပဋိပက္ခများ
ဖြစ်ပွားကာ အကြမ်းဖက်မှုဆန်ဆန် အဓိကရုဏ်း များ တနင်္ဂနွေနေ့က
ပေါ်ပေါက်လာခဲ့သည်။
ဆန္ဒပြမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန် အိန္ဒိယဝန်ကြီးချုပ် ပြောကြား
အိန္ဒိယ နိုင်ငံတွင် ဖြစ်ပေါ်နေသော ဆန္ဒပြမှုများနှင့် ပတ်သက်ပြီး နိုင်ငံ
ဝန်ကြီးချုပ်က ငြိမ်းချမ်းစွာ ဖြေရှင်း ချဉ်းကပ်ရန် ပန်ကြားလိုက်သည်။
အုပ်စုလိုက် မုဒိမ်းကျင့် သတ်ဖြတ်မှု တရားခံများအပေါ် ပြင်းထန်စွာ အရေး ယူရန်
တောင်းဆို ဆန္ဒပြသူများနှင့် ၎င်းတို့ကို တားဆီးသော ရဲများကြား ပဋိပက္ခများ
ဖြစ်ပွားကာ အကြမ်း ဖက်မှုဆန်ဆန် အဓိကရုဏ်း များတနင်္ဂနွေနေ့က
ပေါ်ပေါက်လာခဲ့သည်။ ဒေလီမြို့တော်တွင် ဖြစ် ပျက်နေ သော အခြေအနေများနှင့်
ပတ်သက်၍ ဝန်ကြီးချုပ် မာမိုဟန်ဆင်းက "ကျွန်တော့် အနေနဲ့ စိုးရိမ် ပူ
ပန်နေတဲ့ နိုင်ငံသားတွေအတွက် ငဲ့ညှာပြီး အခြေအနေကို ငြိမ်းငြိမ်းချမ်းချမ်း
အေးအေးဆေးဆေး ဖြစ် ပါစေလို့ ပန်ကြားချင်ပါတယ်"ဟု ပြောကြားခဲ့သည်။
ယခုဖြစ်ရပ်မှာ အသက်(၂၃)နှစ်အရွယ် မိန်းကလေးတစ်ဦး ဘတ်စ်ကားပေါ်တွင်ရှိနေစဉ်
လူတစ်စုက ဝိုင်းဝန်းရိုက်နှက် မုဒိမ်းကျင့်မှုနှင့် ဆက်နွယ်ပေါ်ပေါက်လာခြင်း
ဖြစ်သည်။ ဆန္ဒပြသူများက ယင်းအမှု ကျူးလွန်သူများကို သေဒဏ်ပေးရန် စနေနေ့က
စတင်၍ စုရုံး တောင်းဆိုလာခဲ့သည်။ ဒုတိယနေ့တွင် ရဲများ က ရေအမြောက်များဖြင့်
ပစ်ခတ် လူစုခွဲရာမှ ပြဿနာ စတင်လာခြင်းဖြစ်သည်။ "တရားမျှတမှုကို
ငါတို့လိုချင်တယ်"ဟု ဆန္ဒပြသူများက ကြွေးကြော်ကြသည်။ နောက်ပိုင်းတွင်
ရဲများက မျက်ရည်ယို ဗုံးများပါ အသုံးပြုခဲ့ရသည်။
"ဆန္ဒပြသူတွေ ကြားထဲမှာ စည်းမဲ့ကမ်းမဲ့ လူရမ်းကားတွေပါ ပါလာတာတော်တော်
ဆိုးရွားတယ်"ဟု ရဲတပ် ဖွဲ့ ပြောရေး ဆိုခွင့်ရ အရာရှိ ရာဂျန်ဘာဂက်က ဆိုသည်။
ဖြစ်စဉ်အတွင်း ဆန္ဒပြသူများဘက်မှ ခဲဖြင့် ပစ်သဖြင့် ရဲဝန်ထမ်း (၇၈)ဦး
ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ ဆန္ဒပြသူများ ဘက် မှလည်း
(၆၅)ဦးမျှ ထိခိုက် အနာတရ ဖြစ်ခဲ့သည်။ ရဲများက မုဒိမ်းကျင့်ခံရသည့်
အမျိုးသမီးကို အမည် မဖော်ပြဘဲ အမည်ဝှက် ဒါမီနီဟုသာ ခေါ်သည်။ ယင်းသည်
ဟိန္ဒီဘာသာဖြင့် အလင်းဆောင်သူဟု အဓိပ္ပါယ် ရသည်။ ထို့အပြင် (၁၉၉၃)ခုနှစ်က
ပြသခဲ့သည့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရသူ အိမ်ဖော် တစ်ဦးအတွက်
ကူညီပေးသည့် ဇာတ်ကောင် မိန်းကလေး၏ အမည်လည်း ဖြစ်သည်။
ဒါမီနီသည် မုဒိမ်းကျင့်ခံရသည့်အပြင် ရိုက်နှက် နှိပ်စက်မှုများပါ
ပြင်းပြင်း ထန်ထန် ခံခဲ့ရသည့်နောက် ဆေးရုံတွင် အသက်လု ကုသခံနေရဆဲ ဖြစ် သည်။
ပြီးခဲ့သည့် သီတင်းပတ်များ အတွင်းကလည်း နိုင်ငံ၏ နေရာ အနှံ့အပြားတွင်
မုဒိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ တနင်္ဂနွေနေ့က
မာနီပူအာတွင် ရဲများ ပစ်ခတ်သဖြင့် ဗီဒီယို သတင်းထောက် တစ်ဦး
သေဆုံးကြောင်းလည်း သတင်းများ ထွက်ပေါ်နေ သည်။
ရဲတပ်ဖွဲ့သည် လတ်တလောတွင် မုဒိမ်းမှုနှင့် ဆက်နွယ်သည်ဟု ယူဆရသူ သံသယ တရားခံ
(၆)ဦးကို ဖမ်းဆီး ထားပြီး ယင်းတို့တွင် ဘတ်စ်ကား ယာဉ်မောင်းလည်း
ပါဝင်နေကြောင်း သိရှိရသည်။
planet

No comments:
Post a Comment