ဒီရာသီ အတွက် ချန်ပီယံလိဂ် ပွဲတွေ
ကစားလာခဲ့တာ အခုဆိုရင် ရှုံးထွက် အဆင့်ကို ရောက်လာ ခဲ့ပါပြီ။ ဘယ်အသင်းနဲ့
ဘယ်အသင်း တွေ့ကြမယ် ဆိုတာ မသိရသေး ပေမယ့် ရေပန်းစားတဲ့ အသင်းတွေ ကတော့
ဒီအဆင့်ကို ခပ်အေးအေးပဲ ရောက်လာခဲ့ပါတယ်။
ဒီ ၁၆ သင်းမှာ ဘယ်သူက ဗိုလ်စွဲဖို့ အလေး အသာဆုံး ဆိုတာကို The Sun က အခုလို ခန့်မှန်း ထားပါတယ်။
အာဆင်နယ်
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ ရုန်းကန်
နေရပေမယ့် ချန်ပီယံလိဂ် မှာတော့ အုပ်စု ဒုတိယ နေရာကနေ ဒီအဆင့်ကို ရောက်လာ
ခဲ့တာပါ။ ဒါပေမယ့် အုပ်စု အဆင့်မှာ ပေးဂိုး ၈ ဂိုး ရှိခဲ့တာကတော့ ၁၀
နှစ်အတွင်း ပေးဂိုး အများဆုံး ဖြစ်ခဲ့ ရပါတယ်။ ဗိုလ်လုပွဲ ရောက်ဖူး
ခဲ့ပေမယ့် ဖလား မရသေးတဲ့ အာဆင်နယ်ရဲ့ ဒီရာသီ ဗိုလ်စွဲ နိုင်ခြေက ၂၈။၁ ပါဘဲ။
ဘာစီလိုနာ
လာလီဂါမှာ ထိပ်ဆုံးက ပြေးနေသလို
ချန်ပီယံလိဂ် မှာလည်း ထပ်ပြီး ဗိုလ်စွဲဖို့ ထင်ကြေး အပေးခံရဆုံး အသင်း ပါ။
ထိပ်တန်း တိုက်စစ်မှူး မက်ဆီ အ စွမ်းပြနေဆဲ ဖြစ်တဲ့ ဘာစီလိုနာရဲ့
ဗိုလ်စွဲနိုင် ခြေက ၅။၂ ဖြစ်ပါတယ်။
ဘိုင်ယန်
မနှစ်က ဗိုလ်လုပွဲ အထိ တက်ခဲ့တဲ့
ဘိုင်ယန်ဟာ ဒီရာသီမှာလည်း အုပ်စုဗိုလ် အဖြစ်နဲ့ တက်လာခဲ့ ပြန်ပါပြီ။
ဘွန်ဒစ်လီဂါမှာ အခြေအနေ ကောင်းနေသလို အုပ်စု ၆ ပွဲမှာ ၁၅ ဂိုး ရခဲ့တဲ့
ဘိုင်ယန်ရဲ့ တိုက်စစ်ဟာ အားရ စရာပါ။ သူ့အပေါ် ပေးထးတဲ့ ဗိုလ်စွဲနိုင်ခြေ
ကတော့ ၇။၁ သာဖြစ်ပါတယ်။
ဆဲလ်တစ်
ထိပ်သီး ဘာစီလိုနာကို နိုင်ပြခဲ့တဲ့
ဆဲလ်တစ်ဟာ အားမလျှော့တမ်း ကစားခဲ့တဲ့ စိတ်ဓာတ်အတွက် ချီးကျူးခံခဲ့ ရပါတယ်။
ဒါပေမယ့် သမ္ဘာရှိတဲ့ ကစားသမား ကောင်းတွေ နည်းနေတာမို့ သိပ်အများကြီး
မျှော်လင့်လို့တော့ မရပါဘူ။ သူတို့အတွက် ခန့်မှန်းက ၁၂၅။၁ ဖြစ်ပါတယ်။
ဒေါ့မွန်
အုပ်စု ပွဲတွေမှာ ရှုံးပွဲ မရှိခဲ့သလို
လူငယ် အများစုနဲ့ ဒေါ့မွန်ဟာ ချန်ပီယံလိဂ် ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့
ပါတယ်။ ဘွန်ဒစ်လီဂါ လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ မလွယ်တော့ချိန်မှာ
ဒေါ့မွန် အနေနဲ့ ချန်ပီယံလိဂ်မှာ ပိုအားစိုက် နေသလိုပါပဲ။ သူတို့အတွက်
ဗိုလ်စွဲနိုင်ခြေက ၈။၁ ဖြစ်ပါသတဲ့။
ဂါလာတာစာရေး
ရိုမေးနီးယား ကလပ် CFR ကလုပ်ခ်ျထက်
ဂိုးကွာခြားချက် အသာနဲ့ ရှုံးထွက် အဆင့်ကို တက်ခဲ့တဲ့ ဂါလာတာ စာရေးဟာ
သူ့သမိုင်း တစ်လျှောက် ကွာ တား အထိသာ အမြင့်ဆုံး တက်ခဲ့ဖူးသလို ၁၀
နှစ်အတွင်း ဒီအဆင့်ကို ပထမဆုံး ပြန်ရောက် လာနိုင်ခဲ့တာပါ။ သူတို့အတွက်
ခန့်မှန်းချက်က ၁၅၀။၁ ဖြစ် ပါတယ်။
ဂျူဗင်တပ်
မနှစ်က စီးရီးအေမှာ ရှုံးပွဲမရှိ ကစားပြီး
စံချိန်တင်နိုင် ခဲ့တဲ့ ဂျူဗင်တပ်ဟာ အခုလည်း စီးရီးအေမှာ အခြေအနေ
ကောင်းနေသလို ချန်ပီယံလိဂ် မှာလည်း အုပ်စုဗိုလ် ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ
ချန်ပီယံလိဂ် နောက်ဆုံး ၂၁ ပွဲမှာ အရှုံး ၃ ပွဲသာ ရှိခဲ့ပြီး ဂိုးအများကြီး
မသွင်းနိုင်ရင်သာ နေမယ်။ နိုင်အောင်တော့ ကစားတတ်တဲ့ အသင်းလို့ ချီးကျူး
ခံထားရပါတယ်။ သူတို့အတွက် ဗိုလ်စွဲနိုင်ချေ ကတော့ ၁၁။၁ ပါ။
မာလာဂါ
ရှုံးပွဲမရှိ အုပ်စု ဗိုလ်ဖြစ်ခဲ့တဲ့
မာလာဂါဟာ လာလီဂါမှာတော့ သိပ်မဟန် သေးပါဘူး ၊ သူတို့ရဲ့ ထူးခြားချက်က
အုပ်စုပွဲ ၆ ပွဲလုံးရဲ့ ပထမပိုင်း တွေမှာ ဂိုး တစ်ခါမှ မပေးခဲ့ရ တာပါ။
ချမ်းသာတဲ့ ပိုင်ရှင်သစ် လက်ထက်မှာ ဥရောပ အောင်ပွဲ ရယူချင်တဲ့ မာလာဂါအတွက်
ခန့်မှန်းချက်က ၄၀။၁ ဖြစ်ပါတယ်။
မန်ယူ
အုပ်စုဗိုလ် ဖြစ်ခဲ့ပေမယ့် ဂါတာလာ
စာရေးနဲ့ ကလုပ်ခ်ျတို့ကို ရှုံးခဲ့ရတာ ကတော့ ဘ၀င် မကျစရာ ပါပဲ၊ တိုက်
စစ်ပိုင်း ကောင်းပေမယ့် အဝေးကွင်း ပွဲတွေမှာတော့ သိသိသာသာ ရုန်းကန် နေရသူပါ
၊ ဥရောပပွဲ အိမ်ကွင်း နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲရှုံးခဲ့တဲ့ သူတို့အတွက်
ဗိုလ်စွဲ နိုင်ခြေက ၉။၁ပါ၊
မီလန်
အိမ်ကွင်း ၃ ပွဲ မှာ အခြေအနေ မကောင်းခဲ့
ပေမယ့် အဝေးကွင်း ပွဲတွေက အမှတ်တွေကြောင့် အုပ်စု ဒုတိယ ရခဲ့တဲ့ မီလန်ဟာ
အဲဒီ အုပ်စုတွေမှာ ကစား သမား ၂၅ ယောက် အထိ ကစားစေခဲ့ သူပါ။ ချန်ပီယံလိဂ်
အတွေ့ အကြုံများတဲ့ မီလန် အတွက် ဒီရာသီ ခန့်မှန်းချက်က ၄၀။၁ ဖြစ်ပါတယ်။
ပေါ်တို
အုပ်စု ၆ ပွဲမှာ ၁၃ မှတ်ရခဲ့တဲ့ ပေါ်တိုဟာ
PSG ရဲ့ နောက်ကနေ အုပ်စု ဒုတိယ ရခဲ့ပါတယ်။ သူတို့ဟာ အဲဒီ အုပ်စု ၆ ပွဲမှာ ၎
ပွဲဟာ ပေးဂိုး မရှိတဲ့ ပွဲတွေ ဖြစ်ခဲ့တာကတော့ ထူးခြားမှုပါပဲ။ ၂၀၀၃ မှာ
မော်ရင်ဟိုနဲ့ အတူ ဖလားရခဲ့တဲ့ ပေါ်တို အတွက် ခန့်မှန်းချက်က ၄၀။၁ ပါပဲ။
PSG
နာမည်ကြီး ကစားသမား တွေကို ခေါ်ထားတဲ့ PSG
ဟာ ချန်ပီယံလိဂ်မှာ ၀ါရင့်တဲ့ အန်ဆယ်လော့တီရဲ့ ဦးဆောင်မှုနဲ့ အတူ ဒီရာသီ
အုပ်စုပွဲတွေမှာ အမှတ် အများဆုံး ရတဲ့ အသင်းတော့ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်
အောင်မြင်မှုကို ချက်ချင်း ရနိုင်ဖို့တော့ သိပ်မလွယ်ဘူးလို့ ထင်မိတာ
အမှန်ပါ။ သူတို့ရဲ့ ဗိုလ်စွဲနိုင်ခြေက ၁၄။၁ ဖြစ်ပါတယ်။
ရီးရဲလ်
လာလီဂါမှာ ဘာစီလိုနာကို မီဖို့
မလွယ်တော့ဘဲ ရီးရဲလ်ဟာ ချန်ပီယံလိဂ်မှာ ပိုအားစိုက် မလားဆိုတာ မေးစရာပါပဲ။
တကယ် သေမင်းတမန် အုပ်စုထဲက ရုန်းထွက် ခဲ့ရတဲ့ ရီးရဲလ်ဟာ အုပ်စု ၆ ပွဲမှာ
ဂိုးသွင်း ကန်ချက်ပေါင်း ၉၇ ချက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ သူတို့အတွက်
ခန့်မှန်းချက်က ၇။၂ ပါ။
ရှော်ကေးလ်
ချန်ပီယံလိဂ် အဝေးကွင်း ၈ ပွဲမှာ အရှုံး ၁
ပွဲသာ ရှိထားတဲ့ ရှော့ကေးဟာ ဟန်တယ်လာရဲ့ အားနဲ့ ကြိုးစား နေဆဲပါ။
ဘွန်ဒစ်လီဂါမှာ ဖလားရဖို့ မလွယ် တဲ့ ရှော့ကေးအတွက် ချန်ပီယံလိဂ်
ဗိုလ်စွဲဖို့ နိုင်ခြေက ၄၀။၁ ဖြစ်ပါတယ်။
ရှက်တာဒိုးနက်
လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ချဲလ်ဆီးကို
ကျော်ပြီး အုပ်စု ဒုတိယ ရခဲ့တဲ့ ရှက်တာဟာ ဖျက်မြင်း တစ်ကောင် ဖြစ်လာ
နိုင်ပေမယ့် ကြိုးတော့ ကြိုးစားရဦး မှာပါ။ ခန့်မှန်းချက်က ၂၈။၁ ပါ။
ဗလင်စီယာ
နာမည်ကြီး ဘိုင်ယန်နဲ့ အပြိုင် ၆ ပွဲမှာ
၁၃ မှတ် ရခဲ့တဲ့ ဗလင်စီယာဟာ အဲဒီ ပွဲတွေရဲ့ ပွဲချိန် ၇၅ မိနစ်အတွင်း
ပေးဂိုး ၂ ဂိုးသာ ရှိခဲ့သူပါ။ အုပ်စု အဆင့်မှာ သိပ်မခက်ခဲ ခဲ့တဲ့ သူတို့
အတွက် ဗိုလ်စွဲနိုင်ခြေက ၄၀။၁ ဖြစ်ပါ တယ်။
ရှုံးထွက်မှာ ဘယ်သူက ဘယ်သူတွေနဲ့ တွေ့မယ်ဆိုတာ့တော့ ဒီဇင်ဘာ ၂၀ ညပိုင်းမှာ သိကြရမှာပါ။
MWD
No comments:
Post a Comment