လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, December 21, 2012

ရော်နယ်ဒိုအား ပေါင်သန်း ၈ဝ ဖြင့် ခေါ်ယူရန် နည်းပြ ဖာဂူဆန် မျှော်မှန်းထား



ပေါ်တူဂီနှင့် ရီးယဲလ် တောင်ပံ ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုသည် ပြိုင်ဘက် အာဂျင်တီးနား တိုက်စစ် မှူး လီယိုနယ် မက်ဆီ ကဲ့သို့ပင် အလွန် ခြေ စွမ်းကောင်းသော ကစားသမား ဖြစ်သည်ဟု မန်ယူ နည်းပြ ဖာဂူဆန်က အခိုင်အမာ ပြောကြားထားကြောင်း သိရသည်။ ရော်နယ်ဒိုသည်
၂ဝဝ၉ ခုနှစ် ဇွန်လ တွင် အိုးထရက်ဖို့ဒ်မှ ထွက်ခွာခဲ့သူ ဖြစ်သည်။ သို့သော် ယခု အချိန်တွင် နည်းပြ ဖာဂူဆန်သည် အဆိုပါ ရီးယဲ ကစား သမားနှင့် ပြန်လည် လက်တွဲခွင့် ရရေး ကို စောင့်ဆိုင်းလျက် ရှိသည်။

နည်းပြ ဖာဂူဆန်သည် ရော်နယ်ဒိုအား ပေါင်သန်း ၈ဝ ဖြင့် ခေါ်ယူရန် မျှော်မှန်းထားပြီး အဆိုပါ ကစားသမားသည် ၎င်း နည်းပြလုပ်သော သက်တမ်း တစ်ေ လျှာက် ဘာကာမှ မက်ဆီ ကဲ့သို့ပင် အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်သည်ဟု ယူဆထားကြောင်း သိရသည်။ ရော်နယ်ဒိုနှင့် မက်ဆီတို့ နှစ်ဦးကြား မည်သို့သော ကွာခြားချက် မျိုးမှ မရှိကြောင်း၊ ၎င်းတို့ နှစ်ဦးလုံးသည် ကမ္ဘာ့ အကောင်းဆုံး ကစားသမား များပင် ဖြစ် ကြောင်း ဖာဂူဆန်က ပြောကြား ထား သည်။

MWD

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..