လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, December 22, 2012

အသင်းကြီးတွေ တွေ့ဆုံမည့် ချန်ပီယံလိဂ်(၁၆)သင်း အဆင့်

ချန်ပီယံလိဂ်(၁၆)သင်း အဆင့် မဲခွဲပွဲကို မနေ့က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ ပွဲစဉ်ဇယား ရေးဆွဲမှုမှာတော့ မန်ယူ အသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့
ထိပ်တိုက် တွေ့ဆုံလျက် ရှိပါတယ်။ မဲခွဲမှုမှာ ပီအက်စ်ဂျီ ၊ ရှော်ကေး ၊ မာလာဂါ ၊ ဒေါ့မွန် ၊ ဂျူဗင်တပ် ၊ ဘိုင်ယန်မြူးနစ် ၊ ဘာစီလိုနာနဲ့ မန်ယူ အသင်းတို့က ဦးစားပေး အသင်းများအဖြစ် သတ်မှတ်ခံခဲ့ရပြီး ပေါ်တို ၊ အာဆင်နယ် ၊ အေစီမီလန် ၊ ရီးရဲလ်မက်ဒရစ် ၊ ရှက်တာဒိုးနက် ၊ ဗလင်စီယာ ၊ ဆဲလ်တစ်နဲ့ ဂါလာတာ စာရေးတို့ကို ဦးစားပေး အဆင့်နှစ် အဖြစ် သတ်မှတ်ပြီး မဲခွဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ် ဇယား ရေးဆွဲမှုမှာတော့ ပေါ်တို အသင်းဟာ မာလာဂါ အသင်းနဲ့ တွေ့ဆုံ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အဆိုပါ ပွဲစဉ်မှာ အနိုင်ရရှိတဲ့ အသင်းဟာ ရှက်တာဒိုးနက်စ် အသင်းနဲ့ ဒေါ့မွန် အသင်းတို့မှာ အနိုင်ရရှိတဲ့ အသင်းနဲ့ တွေ့ဆုံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ နောက်ထပ် ပွဲစဉ်တွေမှာ ဂါလာတာစာရေး အသင်းနဲ့ ရှော်ကေး အသင်းတို့ တွေ့ဆုံနေပြီး အနိုင်ရရှိတဲ့ အသင်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ မန်ယူ အသင်းတို့က အနိုင်ရရှိတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဗလင်စီယာ အသင်းကတော့ ပီအက်စ်ဂျီ အသင်းနဲ့ တွေ့ဆုံနေပြီး အနိုင်ရရှိတဲ့ အသင်းဟာ နောက်တစ်ဆင့်မှာ ဆဲလ်တစ် အသင်းနဲ့ ဂျူဗင်တပ် အသင်းက အနိုင်ရရှိတဲ့ အသင်းနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။ နောက်ထပ် အသင်းကြီး အချင်းချင်း တွေ့ဆုံတဲ့ ပွဲစဉ် အဖြစ် အာဆင်နယ် အသင်းနဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ တွေ့ဆုံနေပြီး အနိုင်ရရှိတဲ့ အသင်းဟာ အေစီမီလန် အသင်းနဲ့ ဘာစီလိုနာ အသင်းမှာ အနိုင်ရရှိတဲ့ အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်(၁၆)သင်း အဆင့် ပထမ အကျော့ ပွဲစဉ်များကို (၂၀၁၃)ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်၊ (၁၃)ရက်၊ (၁၉)ရက်နဲ့ (၂၀)ရက်နေ့တွေမှာ ကစားသွားမှာ ဖြစ်ပြီး ဒုတိယ အကျော့ ပွဲစဉ်တွေကိုတော့ (၂၀၁၃)ခုနှစ် မတ်လ(၅)ရက် ၊ (၆)ရက် ၊ (၁၂)ရက် ၊ (၁၃)ရက်တွေမှာ ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

  MRTV4

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..