နွားနို့၊ နို့မှုန့်ကိုသောက်သုံးခြင်းအားဖြင့်အရိုးပွခြင်းနှင့်ကင်ဆာရောဂါ အမျိုးမျိုးကို
ကာကွယ် ပေးနိုင်ကြောင်း အာဟာရ ဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာ
ဒေါ်ဝင်းဝင်းမြင့်က ပြောသည်။
ပိုးသတ်ဆေးအသုံးပြုထားသောဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများ စားသုံး ခြင်းကြောင့် ဖြစ်ပွားသည့်
အစာအိမ် ကင်ဆာ၊ အသည်း ကင်ဆာနှင့် မော်တော်ကားများမှ ထွက်ရှိသော ကာဗွန်ဒိုင်
အောက်ဆိုဒ် ဓာတ်ငွေ့များရှူရှိုက်မိခြင်း ကြောင့်
ဖြစ်ပေါ်လာသည့် အဆုတ်
ကင်ဆာများကို သာမက ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် ဖြစ်လာသည့် လည်ချောင်း
ကင်ဆာနှင့် အဆုတ်ကင်ဆာ များအား နွားနို့နှင့် နို့မှုန့်ကို သောက်သုံး
ခြင်းဖြင့် ယင်းရောဂါများကို ကာကွယ် ပေးနိုင်ကြောင်း သိရသည်။
နေ့စဉ် နို့တစ်ခွက် ပုံမှန်
သောက်သုံးခြင်း အားဖြင့် တစ်နေ့တာ အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ် ပမာဏရဲ့
သုံးပုံ တစ်ပုံကို ဖြည့်ဆည်း ပေးနိုင်ပါတယ်ဟု အာဟာရ ဆိုင်ရာ ဆရာဝန်ကြီး
ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က အကြံပြု ပြောကြားသည်။ သို့ရာတွင် နွားနို့နှင့်
နို့မှုန့်တွင် ပါဝင်သော Lactose ဓာတ်ကြောင့် လူအချို့တွင် ဝမ်းပျက်၊
ဝမ်းလျှောခြင်း ဖြစ်ပွား နိုင်ပြီး ပရိုတင်း ဓာတ်ကြောင့်လည်း လူအချို့တွင်
ဝမ်းချုပ်ခြင်းတို့လည်း ဖြစ်ပွားနိုင်ကြောင်း သိရသည်။
“နွားနို့ဖြစ်ဖြစ်၊ နို့မှုန့်ဖြစ်ဖြစ်
မတည့်ရင် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်နိုင်တယ်။ နွားနို့ Allergy ဖြစ်တဲ့
သူတွေကို Lactose Intolarance လို့ခေါ်တယ်။ Lactoseနဲ့ လူတွေရဲ့ ခန္ဓာကိုယ်
မတည့်ရင် ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်နိုင်တယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ လူဦးရေ
သုံးပုံ တစ်ပုံဟာ Lactose Intolarance ရှိတတ်တယ်။ ဒါကြောင့် နို့နဲ့
မတည့်တဲ့ သူတွေကို ပဲနို့ အစားထိုးပြီး သုံးနိုင်တယ်” ဟု အာဟာရ ဆိုင်ရာ
ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က ဆိုသည်။ ထို့ပြင် မွေးစမှ ခြောက်လ
အရွယ်ထိ ကလေးများကို မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေး သင့်ကြောင်း၊
မိခင်နို့သည် အပူအအေး မျှတပြီး အစာချေ စနစ်ကို ကောင်းစွာ ဖွံ့ဖြိုးအောင်
ဆောင်ရွက် ပေးနိုင်ကြောင်း၊ အာဟာရဓာတ်လည်း မျှတစွာပါရှိပြီး
ရောဂါများကိုလည်း ကာကွယ်ပေး နိုင်ကြောင်း သိရသည်။
“ကျွန်မသား ငယ်ငယ်တုန်းက နို့မှုန့်တိုက်တာ
ဝမ်းချုပ် ဖူးတယ်။ ဝမ်းမချုပ်အောင် သကြား နည်းနည်းရော တိုက်ခဲ့ရတယ်။
လူနို့မှာ သကြားဓာတ် များများပါပြီး နွားနို့ကျတော့ ပရိုတင်းဓာတ်
များများပါတယ်။ ပရိုတင်းဓာတ် များတဲ့ အခါကျတော့ ဝမ်းချုပ်တယ်။ အသား
အများကြီး စားတဲ့သူ တွေလဲ ဝမ်းချုပ် နိုင်တာပဲ” ဟု ဒေါက်တာ အေးအေးသော်
ဒုတိယ ညွှန်ကြားရေးမှူး အာဟာရ စီမံချက် မန်နေဂျာ အာဟာရဌာန၊ စိတ်ကျန်းမာရေး
ဦးစီးဌာနက ဆိုသည်။
“နို့ကို ဖျော်တဲ့နေရာမှာ ဖျော်တဲ့
ရေသန့်ရှင်းဖို့နဲ့ ဖျော်တဲ့ လက်တို့၊ ခွက်တို့ သန့်ရှင်းဖို့ အင်မတန်မှ
အရေးကြီး ပါတယ်။ မသန့်ရှင်း ရင်တော့ အီကိုလိုင်ပိုး ပေါက်ပွားပြီး ဝမ်းပျက်
ဝမ်းလျှော ဖြစ်နိုင်တယ်။ မြန်မာ နိုင်ငံမှာရှိတဲ့ နို့ဆီ၊ နို့မှုန့်
ထုတ်လုပ်တဲ့ လုပ်ငန်းတွေနဲ့ ပြည်ပ ကနေ နို့မှုန့် တင်သွင်းပြီး ပြန်လည်
ထုပ်ပိုး ရောင်းချတဲ့ လုပ်ငန်း တွေဆိုရင် FDA မှာ ကျန်းမာရေးနဲ့
ညီညွတ်အောင် ထောက်ခံချက် ယူရပါတယ်”ဟု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး
ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်လင်းက ဆိုသည်။
အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန FDAက
ပြည်တွင်း နို့ဆီနှင့် နို့မှုန့် လုပ်ငန်းရှင် များအား ကောင်းမွန်သော
ထုတ်လုပ်မှု ကျင့်စဉ်များ ဖြစ်သည့် Good Manufacturing Practice၊ Good
Hygine Practice တို့နှင့်အညီ ထုတ်လုပ်ရန် ညွှန်ကြား ထားကြောင်း သိရသည်။
“ကလေး တစ်နှစ် ကျော်ပြီဆိုရင်
ကျွန်တော်တို့ ဆီက နို့မှုန့်ကို ကောင်းကောင်း တိုက်လို့ ရပါပြီ။
နို့မှုန့်မှာ အမျှင်ဓာတ် Non-protein ပါတဲ့ အတွက် ဝမ်းမှန်မှန်
သွားနိုင်ပါတယ်။ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာနက ညွှန်ကြားထားတဲ့
အတိုင်း ကျန်းမာရေးနဲ့ အညီ ထုတ်လုပ် ထားပါတယ်”ဟု Red Horse Industrial
Group မှ ပိုင်ရှင် ဦးထွန်းထွန်းက ဆိုသည်။
Ref : The Flower News

No comments:
Post a Comment