လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, December 26, 2012

ဘက်စုံမြင်ကွင်း ကုမ္ပဏီမှ မေတ္တာလှိုင်း (၁) ယာဉ်လိုင်းအပြင် ယာဉ်လိုင်းသစ် ၅ လိုင်း ထပ်မံတိုးချဲ့ လိုင်းပြေးဆွဲရန် တင်ပြထား

25.03


ဘက်စုံမြင်ကွင်း ကုမ္ပဏီမှ မေတ္တာလှိုင်း (၁) ယာဉ်လိုင်းအပြင် နောက်ထပ် ခရီးသည်တင် ယာဉ်လိုင်းသစ် ၅ လိုင်း ထပ်မံပြေးဆွဲရန်အတွက် တင်ပြထားကြောင်း မထသ(ဗဟို)မှ သိရသည်။
ထပ်မံပြေးဆွဲရန် တင်ပြထားသည့် ယာဉ်လိုင်းများမှာ မေတ္တာလှိုင်း (၂)၊ (၃)၊ (၄)၊ (၅)၊ (၆) တို့ဖြစ်ပြီး မေတ္တာလှိုင်း (၂) ယာဉ်လိုင်းအတွက် ယာဉ် ၁၈ စီး၊ မေတ္တာလှိုင်း (၃) ယာဉ်လိုင်းအတွက် ယာဉ် ၅ စီး၊ မေတ္တာလှိုင်း (၄) ယာဉ်လိုင်းအတွက် ယာဉ် ၅ စီး၊ မေတ္တာလှိုင်း (၅) ယာဉ်လိုင်းအတွက် ယာဉ် ၄ စီးနှင့် မေတ္တာလှိုင်း (၆) ယာဉ်လိုင်းအတွက် ယာဉ် ၅ စီးတို့မှာ CNG လျှောက်ထားဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မေတ္တာလှိုင်း (၁) ယာဉ်လိုင်းသည် စတင်ပြေးဆွဲလျှက်ရှိပြီး မေတ္တာလှိုင်း (၂) မှာ  ဒဂုံတောင်-ကျောက်လမ်းဆုံ ဂိတ်ရင်းမှ ၅၆ လမ်းဆုံ - စက်မူဇုန် - ဆောက်လုပ်ရေး - ကျောက်တိုင် - ဗလီထိပ် - မင်္ဂလာဈေး - လမ်း၃၀ - ကျုံးကြီး ခရီးစဉ်တစ်ခုနှင့် ကျောက်လမ်းဆုံ ဂိတ်ရင်းမှ ၅၆ လမ်းဆုံ - စက်မူဇုန် -ဆောက်လုပ်ရေး - ကျောက်တိုင် - ဂန္ဒီ - လမ်း ၃၀ - ကျုံးကြီးသို့လည်းကောင်း ခရီးစဉ်နှစ်ခုခွဲကာ ပြေးဆွဲသွားမည်ဖြစ်ပြီး မေတ္တာလှိုင်း (၃) ယာဉ်လိုင်းသည် ဒဂုံအရှေ့ပိုင်း - ကျန်စစ်သားလမ်း ဂိတ်ရင်းမှ ဘုန်းကြီးကျောင်းကွေ့- မ၀တ လမ်းဆုံ - စံပြဈေး - ကျိုက္ကဆံလမ်းဆုံ - အေဘီစီ - လင်းစဒေါင်း - ကျုံးကြီး -သို့ ယာဉ် ၅ စီးနှုန်းဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မေတ္တာလှိုင်း (၄) သည် လှိုင်သာယာ (နည်းပညာတက္ကသိုလ်) (သို့မဟုတ်) ရုံးရှေ့ ဂိတ်ရင်းမှ ဘုရင့်နောင်လမ်းဆုံ - သင်္ဘောကျင်း - စာတိုက် - လင့်လမ်း - တာမွေအ၀ိုင်း - ကျောက်မြောင်းဈေး - မင်္ဂလာဈေး - ၀က်စု - သာကေတ(အ၀ိုင်း) အထိ သို့လည်းကောင်း၊ ယာဉ်လိုင်း အမှတ် (၅) သည် ကျောက်လမ်းဆုံ ဂိတ်ရင်းမှ ၅၆ လမ်းဆုံ - သစ်ဆိုင်ကွေ့- စံပြဈေး - ဗေလီ - ချော်တွင်းကုန်း - ၈ မိုင်(ဂျန်းရှင်း) - ဘုရင့်နောင်လမ်းဆုံ - မြို့သစ်ဈေး - တစ်ထိပ် - မီးခွက်ဈေး - ဒဂုံဧရာအဝေးပြေး (ဂိတ်ဖျား) အထိသို့ လည်းကောင်း - မေတ္တာလှိုင်း (၆) ယာဉ်လိုင်းသည် သာကေတ - ၁၅လမ်း/သံဈေး - ဟုမ်းလမ်း - ဈေးသစ် -ပေါက်တောဝ - ဖော့ကန်ဈေး - ဒညှင်းကုန်းလမ်းဆုံ - ရွှေပြည်သာကွေ့ - ထန်းခြောက်ပင် - သုံးကွေ့-ဏကြီးလေး - အောက်ဂိတ်ခရီးစဉ်အထိသို့ လည်းကောင်း အသီးသီးပြေးဆွဲရန် စီစဉ်ထားကြောင်းလည်း သိရသည်။
“ရိုးရိုးယာဉ်လိုင်းတွေ ဖြစ်တဲ့အတွက် ခရီးစဉ်တစ်ပိုင်း ကျပ် ၅၀နဲ့ ကောက်ခံရမှာ ဖြစ်ပါတယ်။ လျှောက်ထားမူမှာ တချို့ကို MOGE ကိုတင်ပြထားပြီး ဖြစ်သလို တချို့ကိုတော့ စွမ်းအင်အထိ တင်ပြထားပြီး ဖြစ်ပါတယ်” ဟု မထသ (ဗဟို) ပို့ဆောင်ရေး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

11 မှ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..