လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, November 25, 2012

Samsung က Apple တို့ iPad, iPod အသစ်များအတွက် တရားစွဲ



တရားစွဲလို့ကုန် မပြီးနိုင်သေးတဲ့ Patent war ဟာ Samsung ကလည်း မီးဆက်မွေးနေပါတယ်။ Apple ရဲ့  နောက်ဆုံးထွက်များ ဖြစ်တဲ့ iPad4, iPad mini, the new iPod touch များဟာ Samsung မှ နည်းပညာကို ခိုးချ တယ်လို့ စွဲချက် ထပ်တင်လိုက်ခြင်း ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယား တရားရုံးမှာ ဖြစ်ပြီး စတင်စွဲဆိုတုန်းကတော့ Apple က ဖြစ်ပါတယ်။ Samsung ရဲ့  Galaxy Tab နဲ့ Google Nexus ဖုန်းများကို မူပိုင်ခွင့် ခိုးချတယ်လို့ Apple က စတင်တရားစွဲဆိုပြီး Samsung ကလည်း အားကျမခံ စွဲချက်အသစ် ထပ်တင်လိုက်ခြင်း ဖြစ်ပါတယ်။ ယခု စွဲချက် ကတော့ အသံတိုးအသံကျယ် လုပ်တဲ့ Audio နည်းပညာပိုင်းဆိုင်ရာ ဖြစ်ပါ တယ်။ ဒါတွေကို Apple က Samsung ဆီမှ ခိုးချထားကြောင်း တောင်ကိုရီးယား Samsung ကခိုင်ခိုင်မာမာ ပြောကြား နေပါတယ်။ Apple ကလည်း လက်မခံ ပါဘူး။ ဒါကြောင့် တရားရုံးမှာ ထိပ်တိုက်ရင်ဆိုင်ရဖို့ ပိုပြီးတော့ သေချာ သွားပါတယ်။

အမေရိကန်မှာ ရှုံးပြီးနောက် ဥရောပနဲ့ အာရှနိုင်ငံ တရားရုံးများမှာ မကျေပွဲ နွဲပြီး မူပိုင်ခွင့် တရားစွဲဆိုမှုတိုင်းက Samsung က အနိုင်ရပါတယ်။ ဒါကို မကျေနပ်တဲ့ Apple က အမေရိကန် ဌာနေ တရားရုံးမှာ နောက်တစ်ခါ စွဲချက် တင်ပါတယ်။ ယင်း စွဲချက်ကို စိန်ခေါ်တဲ့အနေနဲ့ Samsung ဘက်မှ လည်း အားကျမခံ အသစ်ထုတ်လုပ်ထားတဲ့ Apple ကုန်ပစ္စည်း အားလုံးနီး ပါးပြီး သိမ်းကြုံးပြီး တရားစွဲလိုက်ပါတယ်။

Samsung ရဲ့   chief executive ဖြစ်တဲ့ Shin Jong-kyun  က ဒီလိုပြော ပါတယ်။ " Samsung ရဲ့  Wireless နည်းပညာ မရှိခဲ့ရင် Apple ဟာ ဟန်းဆက်ထုတ်လုပ်ဖို့ မဖြစ်နိုင်ပါဘူး" လို့ ကိုရီးယား တိုင်းမ် သတင်းစာမှာ ခနဲ့ပြောဆိုခဲ့ပါတယ်။ Samsung ရဲ့  ပြောဆိုချက်ကို Apple က ဘယ်လို ဝေဖန်မလည်း ဆိုတာ မသိရသေးပါဘူး။ သို့ပေမယ့် မကြာမီ ကာလအတွင်း Apple နဲ့ Samsung တို့ မူပိုင်ခွင့် စစ်ပွဲ ကြီးသထက် ကြီးလာအုံးမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
--

Aung Kham (TSJ team)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..