ကမ္ဘာ့ မြေပုံပေါ်တွင် ရှိနေသည့် စန္ဒီကျွန်းကို သိပံ္ပပညာရှင်များ ၂၅ ရက်ကြာ ရှာဖွေရာတွင် မြေပုံပေါ်တွင် ဖော်ပြထားသည့် နေရာ၌ ကျွန်းမရှိဘဲ ရေပြင်သာ ရှိသည်ကို တွေ့ရှိရသ
ည်။ စန္ဒီကျွန်းသည်
ပြင်သစ်အုပ်ချုပ် သော နယူးကယ်လီ ဖိုးနီးယားကျွန်းနှင့် သြစတြေးလျ အရှေ့ဘက်
ကမ်းခြေအကြား တောင်ပစိဖိတ် သမုဒ္ဒရာ အတွင်း တည်ရှိသည်ဟု မြေပုံပေါ်တွင်
ဖော်ပြထား သော်လည်း ဆစ်ဒနီ တက္ကသိုလ်မှ ကျွမ်းကျင် သူ ပညာရှင်များက
ရှာဖွေရာတွင် အဆိုပါ ကျွန်းရှိ သည့် နေရာသည် ရေပြင် ဖြစ်နေသည်ကို
တွေ့ရှိရသည်။
ပညာရှင်များက အဆိုပါကျွန်းကို ၂၅ ရက်ကြာ ရှာဖွေသော်လည်း မည်သည့် ကျွန်းမျှ မတွေ့ရှိရပေ။ ယခု လက်ရှိ Google Earth နှင့် အခြား ကမ္ဘာ့မြေပုံ များတွင် စန္ဒီကျွန်း ရှိသည်ဟု ဖော်ပြထားပြီး လက်တွေ့တွင် မည်သည့်ကျွန်းမျှ မတွေ့ရှိရပေ။ မည်သည့် အတွက်ကြောင့် ကမ္ဘာ့မြေပုံများနှင့် ဒေသတွင်း အသုံးပြု နေသည့် ရေပုံများတွင် စန္ဒီကျွန်း ရှိနေကြောင်း ဖော်ပြထားသည်မှာ ပဟေဠိ သဖွယ် ဖြစ်နေပါသည်။
သြစတြေးလျ နိုင်ငံ ရေပုံ ထုတ်လုပ်သော အဏ္ဏဝါ ပထဝီဝင် ဌာနရှိ မြေပုံများနှင့် GoogleEarth တို့မှ မြေပုံပေါ်တွင် စန္ဒီကျွန်း ရှိသည်ဟု ဖော်ပြထားမှုမှာ လူတို့ အမှားကြောင့် ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
myawady.

No comments:
Post a Comment