လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, November 30, 2012

တိဘက်တွင် KFC ကြက်ကြော်မရှိ



တရုတ်ပြည်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားသော တိဘက်ဒေသကြီးဟာ တိဘက်ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ဌာနေကြီး တစ်ခု ဖြစ်ပါတယ်။

တိဘက်မှာ KFC ကြက်ကြော်ဆိုင် လုံးဝ မရှိပါဘူး။ တရုတ်ပြည်မကြီး မှာတော့ KFC ကြက်ကြော်ဆိုင်ပေါင်း ၁၀၀၀ ကျော် ရှိနေပါတယ်။ သို့ပေမယ့် တိဘက်မှာ မရှိပါဘူး။ တိဘက်ဘုန်းကြီးများက တားမြစ်လို့ ဖြစ်ပါတယ်။ တားမြစ်ချက် အနေနဲ့ KFC နဲ့ Main ကုမ္မဏီကြီး ဖြစ်တဲ့ Yum! Brands ကိုပါ စာရေးသားပေးပို့ ခဲ့ပါတယ်။ တိဘက်ဘုန်းကြီးများ ရေးသားထားတဲ့ စာထဲက အချက်အလက်အချို့ က ဒီလို ဖြစ်ပါတယ်။


တိဘက်ဟာ တရုတ်ပြည်မကြီး လက်အောက်မရောက်ခင် အသား၊ငါး စားသုံးမှု အင်မတန် နည်းပါးနဲ့ ဒေသ ဖြစ်ပါတယ်။ မဖြစ် မနေစားသုံး ရင်တောင် တိဘက်သားများဟာ အကောင်ကြီးတဲ့ တိဘက်နွား တစ်မျိုးကို သာ စားသုံးကြပါတယ်။ ဒါကြောင့် အကောင်ရေ အများအပြား သတ်ဖြတ်ရမှု မှ ကင်းဝေးပါတယ်။ industrial food practices ဟာ တိဘက်ရဲ့  ယဉ်ကျေးမှုနဲ့ ကိုးကွယ်ယုံကြည်မှုကို ပျက်ဆီးစေကြောင်း ၁၉၅၉ ခုနှစ် ကတည်းတွေကလည်း တိဘက်ဘုန်းကြီးတို့ အတိအလင်း ကြေညာ သတိပေးထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် KFC ဆိုင်ခွဲသာ တိဘက်မှာ လာဖွင့်မယ်ဆိုရင် မသင့်တော်ပါဘူး။ ဒေသတွင်း ကြက်အကောင်ရေ အရေအတွက် အများအပြား သတ်ဖြတ်မှုများ၊ စားသုံးမှုများ ဖြစ်ပေါ်စေ ပါတယ်။ ဒါကြောင့် တိဘက်မှာ KFC ဖွင့်လှစ်ခြင်းကို တားမြစ်ပါတယ်။

အထက်ပါအတိုင်းစာကို Yum ကုမ္မဏီကြီးဆီတိုက်ရိုက်ရောက်အောင်လည်း ပေးပို့ခဲ့ပါတယ်။ တိရစ္ဆာန်အခွင့်အရေး ထိန်းသိမ်းရေးအဖွဲ့ကလည်း တိဘက်ဘုန်းကြီများ ဘက်ကနေ ကူညီပါတယ်။ နောက်ဆုံရလဒ်ကတော့ KFC တို့ တိဘက်မှာ ကြက်ကြော်ဆိုင်ဖွင့်ရန် စီမံကိန်းအား ဖျက်သိမ်းလိုက်ခြင်း ဖြစ်ပါတယ်။ " တိဘက်ဟာ KFC အတွက် စီးပွားဖြစ်မယ့် ဒေသမဟုတ်ပါဘူး။ တိဘက်ဗုဒ္ဓဘာသာ ကိုလည်း မထိခိုက်လိုတော့ပါဘူး" လို့ KFC တာဝန် ရှိသူ တစ်ဦးက ပြောကြားပါတယ်။

အမေရိကန်ပြီးရင် တရုတ်ပြည်က KFC အတွက် အကျိုးအမြတ်အရဆုံး နိုင်ငံ ဖြစ်ပေမယ့် တိဘက်မှာတော့ KFC ဆိုင် မရှိတာ ဂုဏ်ယူစရာ တစ်ခု ဖြစ်တယ်လို့ တိဘက်နယ်ခံတို့က ယုံကြည်ကြောင်း သိရပါတယ်။
--
Ref: ABS
http://www.work.com.mm/
by- .innewsmyanmar
ဧဒင် မှ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..