ပြီးခဲ့သည့် ဩဂုတ်လ ကတည်း က Facebook မှာ ၄င်းတို့၏ဝန်ထမ်း များအား iPhones များကိုစွန့်လွှတ် ပြီး Android devices များကိုသုံးစွဲရန် တိုက်တွန်းမှု အပြင် အမိန့်ပေးမှုများ ပါရှိခဲ့သည်ဟု သတင်းများကဖော် ပြခဲ့ကြပြီးနောက်တွင် အဆိုပါလူမှု ကွန်ယက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Facebook မှာ၎င်းတို့၏ စည်း ရုံးလှုပ်ရှားမှုကို ပိုမိုအရှိန်မြှင့်ဆောင် ရွက်လာခဲ့ခြင်းဖြစ်သည်။
ယနေ့ပင် ပြောင်းလိုက် ပါဟု အဓိပ္ပာယ်ရသော ပိုစတာများမှာ ရုံးချုပ်အခြေစိုက်ရာ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Facebook ကုမ္ပဏီ၏ Mountain View နံ ရံများပေါ်တွင် ရေးထိုး ထားခြင်းဖြစ် သည်ဟု TechCrunch သတင်းဌာန ၏ဖော်ပြချက်အရ သိရှိရခြင်းဖြစ် သည်။
Fcebook ကုမ္ပဏီမှာ ယခင်က ၄င်း၏ ဝန်ထမ်း များကို iPhones များ သုံးစွဲရန်ပေးအပ်ခဲ့ဖူးသော်လည်း အ ဆိုပါပိုစတာများ၏ရည်ရွယ်ချက်မှာ app နှင့် ပတ်သက်သည့် လုပ်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရန်အ တွက်ပင်ဖြစ်ပြီး လက်ရှိ၌နှေးကွေး လေးလံကာအသုံးဝင်မှုနည်းပါးသော Features များကြောင့် ဝေဖန် ခံနေရ သလို ပါဝါစားသုံးမှုမှာလည်းများ ပြားသည်ဟု ဆိုထားသည်။
ယခု ကဲ့သို လုပ်ဆောင်မှု၏ ရည်ရွယ်ချက် မှာ ဈေးကွက်ဝေစု အများဆုံး ရှိထား သော စမတ်ဖုန်းပလက်ဖောင်းပေါ် တွင် Facebook ကိုသုံးစွဲမှု ပိုမိုမြင့်မား လာစေရန်အတွက်ပင်ဖြစ်ပြီး မကြာ သေးမီကထုတ်ပြန်သောအချက်အ လက်များအရ လက်ရှိစမတ်ဖုန်းဈေး ကွက်ကို Android က၆၈.၁ရာခိုင်နှုန်း ရယူထားချိန်တွင်iOS က ၁၆.၉ရာ ခိုင်နှုန်းသာရရှိထားသည်။

No comments:
Post a Comment