တရုတ်တွင် အသုံးများသော Baidu အမည်ရ Search Engine ကိုလည်း အစိုးရက ပေးသော information မျှသာ ရှာဖွေ၍ ရရန် အကန့်အသတ် များ ဖြင့် ပိတ်ပင်ခဲ့သည်။
၂၀၀၉ ခုနှစ်မှစ၍ တရုတ်ပြည်တွင် Youtube ဗီဒီယို ကြည့်ရှုခွင့်ပိတ်ပြီး Service တစ်ခုလုံး Ban ခဲ့သည်။ Youtube မှတစ်ဆင့် တရုတ်အရာရှိများ၏ ကိုယ်ရေးအချက်အလက်များ၊ အတွင်းရေးများ ပေါက်ကြားခဲ့ဖူးပြီး Google နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။ Google Earth မြေပုံတွင်လည်း အစိုးရဆိုင်ရာ ရုံးများအပြင် နေရာတော်တော်များများကို ကြည့်ရှုခွင့် မရရန် Google သို့ တောင်းဆို ပိတ်ပင်စေခဲ့သည်။ ယင်းသို့ ကန့်သတ်ချက်များ စွာ ကြောင့် Google မှာ တရုတ်ပြည်မတွင် မနေနိုင်တော့ပဲ ဟောင်ကောင် ကျွန်းသို့ ပြောင်းရွှေ့ ရုံးဖွင့်ရသည်အထိ အခြေအနေဆိုးခဲ့ဖူးသည်။
လက်ရှိအချိန်အထိလည်း ပိတ်ပင်တားဆီးမှုများ အထွတ်အထိပ်တွင် ရှိနေဆဲ ဖြစ်ပြီး Google အပြင် အခြား ပြည်ပ Searh Engine ဝန်ဆောင်မှု များ၊ အင်တာနက် ဝန်ဆောင်မှုများ၊ ဝဘ်ဆိုဒ်များမှာက တရုတ်ပြည်အတွက် ရန်သူပမာ တည်ရှိနေဆဲ ဖြစ်သည်။ ခေါင်းဆောင် ရွေးချယ်မှု အပိုင်း တွင် ပြည်ပရန် နှောက်ယှက်မှု၊ ပြည်တွင်းမှ အရပ်သားများ နှောက်ယှက်မှု ကင်းစေရန် ကွန်မြူနစ် ပါတီဝင်တို့ တားဆီးပိတ်ပင်မှုများစွာ ပြုလုပ်ထား သည်။
ထို့ကြောင့် တရုတ်ပြည်သည် Google အပြင် အခြား ဆိုင်ဘာစီးပွားရေး လုပ်ငန်းများအတွက် ဝင်ရောက်ရန် မကောင်းသော နေရာတစ်ခု အဖြစ် ရှုံ့ ချ ပြောဆိုခဲ့ကြသည်။
---techspace မှ......
No comments:
Post a Comment