လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, November 11, 2012

လိင်ပြောင်းထားသူတို့ရဲ့ အလှအပ ပြိုင်ပွဲ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDYpMh4rKajDo6FKF3K-8hMwixOqe72iZrpH9xi-mO34TDAQkXgmeP5EC5ztFD4OMT7Vi1E0cqukfqkVnFkINsnGPc5LebxRu1G2v6E3E2RZN0_Vn3RJmyJq1ATOdxjPDiobA1zyCyUb5-/s1600/DSC_5009.JPG
(ဓာတ်ပုံများ ~ Your-Thailand.com)
လိင်ပြောင်းလဲထားသူအများအပြား ၀င်ပြိုင်ကြတဲ့ Miss International Queen 2012 ပြိုင်ပွဲကို မကြာသေးခင် ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ ကျင်းပပါတယ်။
သရဖူဆောင်းသွားသူကတော့ ဖိလစ်ပိုင်ကပါ။ အမည်က - Kevin Balot

သူ့အသက်က ၂၁ နှစ် ရှိပါပြီ။ ဒီအောင်မြင်မှုကြောင့် လိင်ပြောင်းလဲထားသူတွေ၊ ဂေးတွေကို  နားလည်ပေးကြဖို့၊ လက်ခံလာဖို့အတွက် သူ့နိုင်ငံမှာ ပိုပြီးလှုံ့ဆော်နိုင်မယ်လို့ သရဖူဆောင်းသူက မီဒီယာတွေကို ပြောပါတယ်။
သူက အမျိုးသားအဖြစ်နဲ့ မွေးဖွားလာသူပါ။ အခုတော့ ပြောင်းလဲထားပါပြီ။


ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လုပ်ခဲ့တဲ့ ဒီပွဲမှာ နိုင်ငံပေါင်း ၁၅ နိုင်ငံက အလှပဂေး ၂၁ ဦး ၀င်ပြိုင်ခဲ့တာပါ။
နိုင်ငံတကာမှာ ဒီပွဲကို အာရုံစိုက်ကြသူတွေ၊ ပွဲရှိတဲ့နေရာအထိ အရောက်လာသူတွေလည်း မနည်းမနောပါပဲ။

 

အမျိုးသမီးများအဖြစ် အသွင်ပြောင်းထားသူတွေက ဓာတ်ပုံထဲမှာတော့ အမျိုးသမီးတွေအတိုင်းပါပဲ။

တတိယလိင်တွေကို စိတ်ဝင်စားသူအင်အားက အများအပြား ရှိနေပါတယ်။
ပြိုင်ပွဲအွန်လိုင်းတွေမှာတော့ အချက်အလက် ပြည့်ပြည့်စုံစုံ တွေ့ရပါလိမ့်မယ်။
http://www.missinternationalqueen.com


အောက်ဖော်ပြပါပုံများကိုတော့ ပြိုင်ပွဲကော်မတီရဲ့အွန်လိုင်းကနေ ယူပါတယ်။

သရဖူဆောင်းသွားသူ  Kevin Balot
  




No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..