လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, November 2, 2012

ဒီကလေးငယ်မ ဘာကြောင့် ငိုနေရလဲ


အမေရိကန် NPR ရေဒီယိုက သမ္မတရွေးကောက်ပွဲ သတင်းတွေချည်းသာ ထုတ်လွှင့်နေလို့ စိတ်ညစ်ပြီး " 'I'm tired of Bronco Bamma and Mitt Romney"လို့ ပြောပြီး ငိုနေတဲ့ ကလေးမလေးတယောက် အကြောင်း Youtube မှာ အတော် လူကြိုက်များနေပါတယ်။


သမ္မတ အိုဘားမားနဲ့ မစ်ရူနေ တို့ ၂ ဦးလုံးရဲ့ သမ္မတ ရွေးကောက်ပွဲ အပြိုင်ကြဲနေကြတာကို ရေဒီယိုက ဘယ်လောက်တောင် ထုတ်လွှင့်နေလဲဆို အဆိုပါ ကလေးမလေး စိတ်ပျက်လောက်အောင်ဖြစ်ရတဲ့ အထိဖြစ်ရတာပါ။ ဒီအတွက် အမေရိကန် ရေဒီယိုကလည်း ကလေးမလေးကို တရားဝင် တောင်းပန်လိုက်ရ ပါတယ်။ 

အခြားကလေးတွေလည်း အခုလို အတော်ရှည်လျား ထွေပြားတဲ့ ကင်မ်ပိန်းတွေ ရေဒီယိုက လွှင့်တာကို စိတ်ပျက်နိုင်တာကြောင့် ရေဒီယိုက သူတို့ ၀န်ခံရမှာဖြစ်တယ်လို့  NPR က ပြောထားပါတယ်။

အသက် ၄ နှစ်အရွယ် Fort Collins က သမ္မတ မဲဆွယ်ပွဲ ကင်မ်ပိန်းတွေကို NPR ရေဒီယို နားထောင်ရင်း အတော် စိတ် မသက်မသာ ဖြစ်ပြီးငိုခဲ့တာပါ။


သူ့အမေက မေးလို့သာ သူငိုရတဲ့ အကြောင်းကို ကလေးက ထုတ်ပြောရင်း ငိုနေခဲ့တာပါ။
ဒီကိစ္စ က ချက်ချင်း လူအများဆီပျံ့နှံ့သွားတော့ NPR ရေဒီယိုလည်း မျက်လုံးပြူးသွားခဲ့ရတာပေါ့။

နိုင်ငံရေး ကင်မ်ပိန်းသတင်းတွေက ကလေးတွေကို ငိုစေနိုင်တယ်ဆိုတဲ့ ကောက်ချက်ကလည်း အမေရိကန်
တွေ အတော်လူပြောများစေတဲ့ ဖြစ်ရပ်ဖြစ်လာနေပါတယ်။ ဒါနဲ့ နောက်ဆုံးတော့ ရေဒီယို ကလည်း ကလေး မလေးကို တောင်းပန်လိုက်ရတော့တာပါ။

အခုတော့ ကလေးမလေးက ပျော်ရွှင်နေပါပြီလို့ သတင်းတပုဒ်က ရေးသားထားပါတယ်။

 မိခင်နဲ့အတူ ပျော်ရွှင်နေတဲ့ နိုင်ငံရေးတွေကို စိတ်ကုန်ပြီး ငိုချင်းချခဲ့တဲ့ ကလေးငယ်

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..