တနင်္ဂနွေ သားသမီးများ ။ ။ လုပ်ငန်းသစ်များ စတင် လုပ်ကိုင် နိုင်သောလ ဖြစ်သည် ။
အခွင့်အရေး အသစ်များလည်းရလာလိမ့်မည် ။ နေရာပေးခံရလိမ့်မည် ။ ရာထူးတိုး လခ တိုးမည်။
လူအများ၏ ချစ်ခင်မှုကိုခံရမည် ။မမျှော်လင့်ပဲ ငွေဝင်လာလိမ့်မည် ။ ရည်ရွယ်ထားသူနှင့် အဆင်ပြေမည်။
.ယတြာ ။ ။ မွေးနေ့ မှစပြီး အိမ်ကဘုရား တွင် အုန်းယို ( ၆) ခုလှုပေးပါ ။
တနင်္လာ သားသမီးများ ။ ။ စကားပြောမှားပြီးစကားများလိမ့်
ခိုင်းထားသောအလုပ်များအဆင်မပြေ
ရောင်းမှားဝယ်မှားဖြစ်ပြီး ငွေကြေးပြသနာဖြစ်လိမ့်မည် ။ မိမိမဆိုင်သောကိစ္စနှင့် မျက်နှာပျက်မည် ။
အင်္ဂါသားသမီးနှင့် သတိထားပြီးအလုပ်လုပ်ပါ ။ သူခိုး ခိုးခံရတတ်သည် ။
ယတြာ ။ ။ မွေးနံ ဘုရား။ထောင့်တွင် နံက် ၉နာရီ မှ ၁၀ နာရီခွဲအတွင်း ကန့်ကော်(၁၅ )ခက်
ကျာက်ကျော (၁၅ ) တုံးလှုပေးပါ ။
အင်္ဂါ သားသမီးများ ။ ။ လုပ်ထားတဲ့ အလုပ်တွေ တေ့လွဲလွဲ နေမယ် ။ အပေးအယူကိစ္စ တွေလည်း အဆင်မပြေတတ်ဘူး။
ရစရာကိစ္စတွေအတွက် သီးခံမှရမယ် ။ သူတပါးကြားဝင်မိလို့  အထင်လွဲခံရတတ်တယ် ။ ဆွေမျိုးသားချင်းများနဲ့ စကားများမယ်။
လင်မယားချင်း ။ ချစ်သူချင်းလည်း စကားများရတတ်တယ် ။ငွေရေး ကြေးရေးကြောင့် ဂုဏ်သိက္ခာ ကျတတ်တယ် ။
ဦးခေါင်းမှာထိခိုက်ဒဏ်ရ ရတတ်တယ် ။
ယတြာ ။ ။ အိမ်ကဘုရားတွင် ကြာဇံကြော်လှုပေးပါ ။ ကလေးများကို ဇီးယိုကြွေးပါ ။ သီလရှင်တပါးပါး အား ဇွန်း(၈) ချောင်းလှုလိုက်ပါ။
ဗုဒ္မဟူးသားသမီးများ ။ ။ လုပ်ငန်းအသစ်တွေလုပ်ရမယ် ။ ကြံစည်ထားတဲ့ကိစ္စတွေ အဆင်ပြေမယ် ။ နာမည်ကောင်းရပြီး နေရာပေးခံရမယ်။
သတင်းကောင်းတွေကြားရတတ်မယ်။ အကူအညီကောင်းများရပြီး အလှုဒါန ပြုလုပ်ရလိမ့်မယ်။ မမျှော်လင့်ပဲ ငွေဝင်လာပါက ။
၂ ၇ ၆ ပါသောဂဏန်းများဖြင့် ထီထိုးပါ ။
ယတြာ ။ ။ မိဘ ဆရာသမားများအား ဟာလ၀ါလှုပေးပါ ။
ကြာသပတေးသားသမီးများ ။ ။ အပြိုင်အဆိုင်တွေနဲ့ တွေ့ မယ် ။ ရင်းနှီးထားတဲ့ လုပ်ငန်းများအရှုံးပေါ်တတ်တယ် ။
အရမ်းမစွန့် စားပါနှင့် ။ အခွင့်အလမ်းကောင်းတွေနဲ့  ကပ်လွဲ လွဲ နေတတ်မယ် ။ လုပ်ထားတဲ့ကိစ္စ တွေအဆင်မပြေလို့  ။
စိတ်ညစ်နေရလိမ့်မယ် ။ ကြားခံလူ ဒုက္ခ ပေးလို့ ငွေကြေးကိစ္စ ဖြေရှုင်းရလိမ့်မယ် ။ ညာဖက်ခြေထောက်မှာ ဒဏ်ရာရတတ်တယ်။
မိန်းမတယောက်ကိုယုံမိလို့  ပြသနာဖြစ်လိမ့်မယ် ။ ကျမ္မာရေးဂရုစိုက်ပါ ။
ယတြာ ။ ။ မိမိအိမ်ရှေ့ လမ်းပေါ်တွင် ပုဂံပြား ကြီးကြီးထဲသို့  မြေပဲပြုတ်အပြည့် အမောက်ထည့်ပြီး ကလေးများကို နှိုက်စားပါစေ ။
အိမ်ကဘုရားတွင် တစ်လ တိတိ ပေါက်ပေါက် ကို မပြတ်လှုထားပါ ။
သောကြာ သားသမီးများ ။ ။ လုပ်ငန်းတွေ တပိုင်းတစ ဖြစ်နေမယ် ။ ပြဿနာ (၂) ခုတပြိုင်နက်ရင်ဆိုင်ရတတ်တယ် ။
သီးခံမှ ကိုယ်အနိုင်ရလိမ့်မယ် ။ ဂတိပျက်တဲ့သူနဲ့ တွေ့ ပြီး အနည်းငယ်စိတ်ညစ်ရတတ်တယ် ။
သီးမခံရင် ရေရှည်အမှုမျိုး ရင်ဆိုင်ရတတ်တယ် ။ မိန်းမကိစ္စနဲ့ အရှက်တကွဲ အကျိုးနဲဖြစ်လိမ့်မယ် ။
မြေအရောင်းအ၀ယ် လုပ်ရင်သတိထားပါ ။ထွက်ငွေများနေတတ်သည် ။ ကိုယ့်ဆရာသမားက ကူညီလိမ့်မည်။
ယတြာ ။ ။ တာအိုး တစ်လုံးအတွင်း သဲ (၂၁) ဇွန်း ။ သံ (၂၁) ချောင်း ။ သီဟိုခက် (၂၁ ) ခက် စိုက်ပြီး ။
မိမိ နေအိမ်၏ အရှေ့ တောင်အရပ် ရေထဲ ကန်ထဲ ချောင်းထဲသို့  စွန့် ပစ်ပါ ။
စနေသားသမီးများ ။ ။ လုပ်ထားတဲ့အလုပ်တွေအောင်မြင်မယ် ။ အထက်လူကြီးကူညီပေးလိမ့်မယ် ။
မိတ်ဆွေ ကောင်းများနှင့်တွေ့ ပြီး အခွင့်အရေးကောင်းမျာ ရမည် ။ ငွေရစရာရှိရင်သွားတောင်းပါ အိုကေမည် ။
ပြောထားတဲ့ ကိစ္စတွေ အတွက် သတင်းကောင်းကြားရလိမ့်မယ် ။ ကိုယ်လိုအပ်တာပြောရင် တစ်ဖက်သားက ။
အလွယ်တကူလက်ခံလိမ့်မယ် ။ ပြဿနာရှိခဲ့ရင်လည်း အေးအေး ဆေးဆေး ဖြေရှုင်းနိုင်မယ် ။
ယတြာ ။ ။ အိမ်ကဘုရားတွင် နွားနို့  လှုပေးပါ ။ မွေး နံ ဘုရားထောင့်တွင် ထီးအနီ တစ်လက်လှုပေးပါ ။

No comments:
Post a Comment