လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, November 16, 2012

ဆောင်းလ အေးမြ လမ်းလျှောက်ကြ


Photo: ဆောင်းလ အေးမြ လမ်းလျှောက်ကြ

ဆောင်း ရာသီဟု ဆိုလိုက်သည်နှင့် အအေးဓာတ်ကို နေရာဒေသ အလိုက် ခံစား ကြရမည် ဖြစ်သည်။ ကချင်၊ ချင်း၊ ရှမ်း စသည့် ဒေသ များသည် အအေးဓာတ်ကို ပိုမို ခံစား ရလေသည်။ တောတောင် ရိပ်ကြီးများ ရှိခြင်း သည်လည်း အအေးဓာတ်ကို ပိုမို သက်ဝင် ခံစားရ စေပါသည်။ ဒီဇင်ဘာ လသည် ပြည်သူ လူထု စုပေါင်း လမ်းလျှောက်ပွဲ ကျင်း ပသော ကာလ ဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် မြို့နယ် ဒေသ အသီးသီးတွင် စုပေါင်း လမ်းလျှောက် ခြင်းများ ပြုလုပ် ကြမည် ဖြစ်သည်။

ဆောင်းရာသီ ကာလဖြစ်သည့် အားလျော်စွာ လူတစ်စုက လမ်းလျှောက် လှုပ်ရှား ကြသော်လည်း အချို့လူ တစ်စုက အိပ်နေ ကြသည်။ အားလပ်သော အချိန်ကလေးများ အဖြစ် စောင်ခြုံကွေး နေကြသည်။ မနက် လင်းအားကြီးမှ ထလေ့ရှိသည်။ လမ်းလျှောက်ခြင်းနှင့် ပတ်သက်သော ကျန်းမာရေး ဗဟုသုတ နည်းပါး၍ အလကား ရရှိမည့် အခွင့်အရေး လေးများ ကိုပင် လက်လွှတ် အဆုံးရှုံးခံ နေကြသည်။ နှမြောစရာ ကောင်းပါ ဘိသား။

လမ်းလျှောက်ပွဲ ဆိုသည်မှာ ပြည်သူ အများ အတွက် အသက် ရှည်ဆေး တိုက်ကျွေးခြင်း ဟုဆိုလျှင် မှားနိုင် မည် မ ထင်။ လမ်းလျှောက် ခြင်းကြောင့် ကျန်းမာရေးနှင့် ပတ်သက်ပြီး ရရှိလာမည့် အကျိုး ကျေးဇူး များကား ပြောမ ကုန်အောင် များပြား လှပါသည်။

ခန္ဓာကိုယ် အစိတ်အပိုင်း များ၏ Sensory Touches များသည် ခြေဖဝါးမှာ စုစည်း နေကြောင်း သိရှိ ရ သည်။ ခြေဖ ဝါးရဲ့ မျက်နှာပြင် တစ်ခု လုံးသည် ခန္ဓာကိုယ် အစိတ်အပိုင်း များ၏ ထိတွေ့မှု အာရုံများ ရှိနေ ပြီး ခြေဖဝါး ကို နှိပ် နယ်ခြင်း (Foot Message) လုပ်ပေးခြင်း သည်လည်း ခန္ဓာကိုယ်တစ်ခုလုံး နာကျင် ကိုက်ခဲမှု ကို ပြေပျောက်မှု ရစေသော နည်းလမ်း တစ်ခု ဖြစ်ကြောင်း သိရှိ ရသည်။ အာရုံကြော များသည် တစ်ခုခြင်း စီ၏ အင်္ဂါ အစိတ် အပိုင်း များ အားလုံးကို ဆက်သွယ် ထားသည့် အတွက် လမ်းလျှောက် ခြင်းသည် ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးကို အကျိုးပေးမှု ရှိကြောင်း သိရှိ နိုင်ပါသည်။

''ကိုယ်ခန္ဓာ သန်စွမ်း စေဖို့၊ စိတ်နှလုံး ရွှင်လန်း စေဖို့၊ သူငယ်ချင်း အပေါင်း အသင်းများနှင့် ပျော်ဖို့ ရွှင်ဖို့၊ ကျန်း မာ စေဖို့'' ဆိုသည့် ဒီဇင်ဘာ မနက်ခင်း တေးသီ ကျူးသည့် သီချင်း သည်ကား လမ်းလျှောက်သူ ပြည်သူများ အ တွက် အားတက်စရာ နှိုးစက်ပမာ ဖြစ်ပါသည်။ အိပ်နေသူ လမ်းမလျှောက် သူများ ကတော့ ထိုသီချင်း သံကို ဆူ ညံသံ အဖြစ် သတ်မှတ် ချင်လည်း သတ်မှတ် ပါလိမ့်မည်။ မတတ်နိုင်ပြီ။ ခွင့်သာ ခိုက်မှ မလိုက်ချင်လျှင် အမိုက် နင့်ပြင် ရှိလိမ့်မည်လား။

ထို့ကြောင့် နှင်းကျ အေးမြ ဆောင်းလ ရာသီကား စောင်ခြုံကွေး နွေးထွေး ရမည် မဟုတ်။ ကျန်းမာ စေရေး လမ်းလျှောက်ပေး မှသာလျှင် မိမိ၏ နပ်(ဗ်)ကြောများ ပွင့်ထွက် လာကာ သွေးလည်ပတ်မှု သည်လည်း မှန် ကန် ကောင်းမွန် လာမည် ဖြစ်ပြီး အသက်လေးရယ် ရှည်စေ လိုက လမ်းလျှောက် ကြမည်ဟု နှလုံးသွင်း ခံယူ တတ်မှ မိမိဘဝ သာယာ လှပ ပျော်ရွှင်မှု ဖြစ်ပေ လိမ့်မည်။

ဆောင်းပါးရှင်- သန်းဆွေ (မိုးကောင်း)

http://www.myawady.net.mm/post/2012-11-15-07-56-40
ဆောင်း ရာသီဟု ဆိုလိုက်သည်နှင့် အအေးဓာတ်ကို နေရာဒေသ အလိုက် ခံစား ကြရမည် ဖြစ်သည်။ ကချင်၊ ချင်း၊ ရှမ်း စသည့် ဒေသ များသည် အအေးဓာတ်ကို ပိုမို ခံစား ရလေသည်။ တောတောင် ရိပ်ကြီးများ ရှိခြင်း သည်လည်း အအေးဓာတ်ကို ပိုမို သက
်ဝင် ခံစားရ စေပါသည်။ ဒီဇင်ဘာ လသည် ပြည်သူ လူထု စုပေါင်း လမ်းလျှောက်ပွဲ ကျင်း ပသော ကာလ ဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် မြို့နယ် ဒေသ အသီးသီးတွင် စုပေါင်း လမ်းလျှောက် ခြင်းများ ပြုလုပ် ကြမည် ဖြစ်သည်။

ဆောင်းရာသီ ကာလဖြစ်သည့် အားလျော်စွာ လူတစ်စုက လမ်းလျှောက် လှုပ်ရှား ကြသော်လည်း အချို့လူ တစ်စုက အိပ်နေ ကြသည်။ အားလပ်သော အချိန်ကလေးများ အဖြစ် စောင်ခြုံကွေး နေကြသည်။ မနက် လင်းအားကြီးမှ ထလေ့ရှိသည်။ လမ်းလျှောက်ခြင်းနှင့် ပတ်သက်သော ကျန်းမာရေး ဗဟုသုတ နည်းပါး၍ အလကား ရရှိမည့် အခွင့်အရေး လေးများ ကိုပင် လက်လွှတ် အဆုံးရှုံးခံ နေကြသည်။ နှမြောစရာ ကောင်းပါ ဘိသား။

လမ်းလျှောက်ပွဲ ဆိုသည်မှာ ပြည်သူ အများ အတွက် အသက် ရှည်ဆေး တိုက်ကျွေးခြင်း ဟုဆိုလျှင် မှားနိုင် မည် မ ထင်။ လမ်းလျှောက် ခြင်းကြောင့် ကျန်းမာရေးနှင့် ပတ်သက်ပြီး ရရှိလာမည့် အကျိုး ကျေးဇူး များကား ပြောမ ကုန်အောင် များပြား လှပါသည်။

ခန္ဓာကိုယ် အစိတ်အပိုင်း များ၏ Sensory Touches များသည် ခြေဖဝါးမှာ စုစည်း နေကြောင်း သိရှိ ရ သည်။ ခြေဖ ဝါးရဲ့ မျက်နှာပြင် တစ်ခု လုံးသည် ခန္ဓာကိုယ် အစိတ်အပိုင်း များ၏ ထိတွေ့မှု အာရုံများ ရှိနေ ပြီး ခြေဖဝါး ကို နှိပ် နယ်ခြင်း (Foot Message) လုပ်ပေးခြင်း သည်လည်း ခန္ဓာကိုယ်တစ်ခုလုံး နာကျင် ကိုက်ခဲမှု ကို ပြေပျောက်မှု ရစေသော နည်းလမ်း တစ်ခု ဖြစ်ကြောင်း သိရှိ ရသည်။ အာရုံကြော များသည် တစ်ခုခြင်း စီ၏ အင်္ဂါ အစိတ် အပိုင်း များ အားလုံးကို ဆက်သွယ် ထားသည့် အတွက် လမ်းလျှောက် ခြင်းသည် ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးကို အကျိုးပေးမှု ရှိကြောင်း သိရှိ နိုင်ပါသည်။

''ကိုယ်ခန္ဓာ သန်စွမ်း စေဖို့၊ စိတ်နှလုံး ရွှင်လန်း စေဖို့၊ သူငယ်ချင်း အပေါင်း အသင်းများနှင့် ပျော်ဖို့ ရွှင်ဖို့၊ ကျန်း မာ စေဖို့'' ဆိုသည့် ဒီဇင်ဘာ မနက်ခင်း တေးသီ ကျူးသည့် သီချင်း သည်ကား လမ်းလျှောက်သူ ပြည်သူများ အ တွက် အားတက်စရာ နှိုးစက်ပမာ ဖြစ်ပါသည်။ အိပ်နေသူ လမ်းမလျှောက် သူများ ကတော့ ထိုသီချင်း သံကို ဆူ ညံသံ အဖြစ် သတ်မှတ် ချင်လည်း သတ်မှတ် ပါလိမ့်မည်။ မတတ်နိုင်ပြီ။ ခွင့်သာ ခိုက်မှ မလိုက်ချင်လျှင် အမိုက် နင့်ပြင် ရှိလိမ့်မည်လား။

ထို့ကြောင့် နှင်းကျ အေးမြ ဆောင်းလ ရာသီကား စောင်ခြုံကွေး နွေးထွေး ရမည် မဟုတ်။ ကျန်းမာ စေရေး လမ်းလျှောက်ပေး မှသာလျှင် မိမိ၏ နပ်(ဗ်)ကြောများ ပွင့်ထွက် လာကာ သွေးလည်ပတ်မှု သည်လည်း မှန် ကန် ကောင်းမွန် လာမည် ဖြစ်ပြီး အသက်လေးရယ် ရှည်စေ လိုက လမ်းလျှောက် ကြမည်ဟု နှလုံးသွင်း ခံယူ တတ်မှ မိမိဘဝ သာယာ လှပ ပျော်ရွှင်မှု ဖြစ်ပေ လိမ့်မည်။

ဆောင်းပါးရှင်- သန်းဆွေ (မိုးကောင်း) မှ
ကနောင်သားလေး

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..