လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, November 16, 2012

၂၁ ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကာလ အတွင်း ဖနွမ်ပင်၌ ဆန္ဒြုပ

Photo: ၂၁ ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကာလ အတွင်း ဖနွမ်ပင်၌ ဆန္ဒြုပ

(၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်း အဝေးများ စတင်ချိန် ကာလအတွင်း အာဆီယံ နိုင်ငံများ၏ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ တောင်းဆိုမှုများကို ပြုလုပ်သည့် ဆန္ဒပြပွဲတစ်ရပ်ကို
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်ရှိ ပါလီမန် အဆောက်အအုံရှေ့တွင် နိုဝင်ဘာလ ၁၆ ရက်နေ့(ယနေ့) တွင် ပြုလုပ်ခဲ့ကြသည်။

လူဦးရေ (၂၀၀၀)ခန့်ပါဝင်သော ဆန္ဒပြသူများသည် ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန အဆောက်အအုံ ရှေ့သို့ သွားရောက်ပြီး အရေးဆိုမှု ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း တားမြစ်မှုများ ရှိခဲ့သဖြင့် ပါလီမန် အဆောက်အအုံရှေ့တွင်သာ ဆန္ဒ ထုတ်ဖော်ခဲ့ပါသည်။

ယနေ့ ပြုလုပ်ခဲ့သော ဆန္ဒထုတ်ဖော်မှုမှာ လေးရက်မြောက် အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ပြီး တရားဝင်ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆန္ဒပြမှုတွင် ပါဝင်ခဲ့သော ဥပဒေအရာရှိ Tuy Sythieng က Eleven Media Group သို့ ပြောကြားခဲ့သည်။

“ဆန္ဒထုတ်ဖော်မှုအတွက် တားမြစ်မှုတွေ အများကြီးရှိပါတယ်။ ခွင့်ပြုချက်အရ ဒီနေ့ နောက်ဆုံး ပြခွင့်ရတာပါ။ သုံးရက်မြောက်နေ့မှာတော့ ပြဿနာတွေ အများကြီး ကြုံတွေ့ခဲ့ပါတယ်။ ဒီနေ့လည်း နိုင်ငံခြားရေး ၀န်ကြီးရုံးရှေ့ သွားဖို့ပါ။ ဒါပေမဲ့ သွားခွင့် မရတဲ့အတွက် ပါလီမန်ရှေ့မှာ ရပ်ပြီး ဆန္ဒထုတ်ဖော်နေတာပါ”ဟု Tuy Sythieng က ပြောသည်။

အာဆီယံထိပ်သီးဆွေးနွေးပွဲ ကာလအတွင်း ခွင့်ပြုချက် မရဘဲ ဆန္ဒပြသူများကို ဖမ်းဆီး ထိန်းသိမ်းမည်ဟု ဖနွမ်ပင် မြို့တော်ဝန်က သတိပေးထားပါသည်။

(၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်း အဝေးများကို နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဖနွမ်ပင်၌ ပြုလုပ်မည် ဖြစ်ပြီး နိုဝင်ဘာလ ၁၅နေ့နှင့် ၁၆ ရက်နေ့များတွင် အကြို အစည်းအဝေးများ ပြုလုပ်လျက်ရှိနေပြီး နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ၏ အစည်းအဝေး ပြုလုပ်မည် ဖြစ်သည်။

EMG

EMG မှ ကနောင်သားလေး

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..