လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, November 26, 2012

စက္ကူနှင့်လုပ်သော အာကာသလေယာဉ်ငယ်ကို ဗြိတိန်တို့ လွင့်တင်



မသိရင်တော့ ရယ်စရာ သတင်းလို ဖြစ်နေပါတယ်။ အမှန်တကယ်လည်း စက္ကူနဲ့ လုပ်တဲ့ အာကာသ လေယာဉ်ငယ်ကို  ဗြိတိန်က အပျော်တန်း အာကသ ပညာရှင်များအဖွဲ့ က လွတ်တင်ခဲ့ပါတယ်။ အာကာသ အထိတော့ မရောက်ပါဘူး။ ကမ္ဘာ့လေထုရဲ့  အာကာသမရောက်ခင် ဆက်ကြားအလွှာ အထိ ရောက်ရှိပါတယ်။

နိုဝင်ဘာ ဒုတိယပတ်က ဖြစ်ပါတယ်။ ကောက်ရိုးခြောက်နဲ့ လုပ်ပြီး စက္ကူနဲ့ ပြန်ဖုံးပေးထားတဲ့ လေယာဉ် ငယ် ဖြစ်ပါတယ်။ ကလေးကစားစရာ အရုပ် အရွယ်ပဲ ရှိပါတယ်။ လေယာဉ်မှာ ကင်မရာများ တပ်ဆင်ပေးထားပြီး ဟီလီယံ လေပူးပေါင်းနဲ့ တွဲလို့ လွတ်တင်ပေးခဲ့ပါတယ်။ ကမ္ဘာ့လေထုရဲ့  အမြင့်ဆုံး အလွှာထိ ရောက်ပြီး ကမ္ဘာမြေ ဓာတ်ပုံနဲ့ ဗီဒီယိုများ ရိုက်ကူး ပေးနိုင်ခဲ့ပါတယ်။ စပိန်နိုင်ငံမှာ လွတ်တင်တာ ဖြစ်ပါတယ်။

 လွတ်တင်တဲ့ နေရာနဲ့ မိုင် ၂၀ ကျော် တောတစ်နေရာမှာ ပြန် လည် တွေ့ရှိ ပါတယ်။ ကောင်းကင်ဝေဟင်မှ ရိုက်ကူးတဲ့ ကမ္ဘာ့မြေပြင်ဓာတ်ပုံများအတွက် များစွာ အကုန်ကျ ခံစရာ မလိုဘူးလို့ သက်သေပြသွားပါတယ်။ သာမန်ဆိုရင် အာကာသယာဉ်ပျံ သို့မဟုတ် လေယာဉ် နဲ့သာ ရိုက်ကူးလို့ရမယ့် ပုံရိပ်များ ကို ဗြိတိန် အပျော်တန်း space enthusiasts က ဈေးသက်သက်သာ သာနဲ့ ပြုလုပ်နိုင်တယ်လို့ သက်သေပြသွားခြင်း ဖြစ်ကြောင်း သိရပါတယ်။
--
Ref: BBC
Aung Kham (TSJ team)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..