မက်ဆီမှ ယခုနှစ် ချန်ပီယံလိဂ် ဆုဖလားကို ရယူလိုကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ မက်ဆီသည် ဘာစီလိုနာ အသင်းနှင့်အတူ (၂၀၀၆)(၂၀၀၉) နှင့် (၂၀၁၁)ခုနှစ်များတွင် ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်ခဲ့သူ ဖြစ်သည်။ မက်ဆီ၏ ဘာစီလိုနာ အသင်းသည် ယခုနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲ၏ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင် ခဲ့ပြီဖြစ်သောကြောင့် မက်ဆီမှ ဆုဖလား ရယူနိုင်သည် အထိ ပစ်မှတ်ထားနေခြင်း ဖြစ်သည်။ “ချန်ပီယံလိဂ် ပြိုင်ပွဲဆိုတာ ကျွန်တော်တို့ အတွက် ခက်ခဲတဲ့ စိန်ခေါ်မှုပါ။
အကာင်းဆုံး အသင်းတွေ ရှိနေပြီး အကောင်းဆုံး ယှဉ်ပြိုင်မှုရှိနေလို့ ယှဉ်ပြိုင်အနိုင်ယူဖို့ ခက်ခဲဆုံး ပြိုင်ပွဲပါ။ ဒီမှာ အနိုင်ရဖို့ဆိုရင် ကျွန်တော်တို့ အရမ်းကြိုးစားရပါမယ်”ဟု မက်ဆီမှ ပြောကြားခဲ့သည်။

No comments:
Post a Comment